ပူတာအို – မချမ်းဘော မလိခမြစ်ကူးတံတားသည်ဒေသတွင်း ရွာ(၅၀)ကျော် ချိတ်ဆက်အဆင်ပြေနေဟုဆို

0
107

ယခုနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ပူတာအို – မချမ်းဘောဒေသအတွင်းရှိ မလိခမြစ်ကူးတံတားကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသအတွင်း ကျေးရွာပေါင်း (၅၀)ကျော် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေမှုများရှိလာခဲ့ကြောင်း အဆိုပါ တံတားအား ဦးဆောင်ပါဝင်တည်‌ဆောက်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ တံတားအား တစ်ဦးတည်းအလှူရှင်က ကျပ်သိန်း (၂၆၃၀) အကုန် အကျခံတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“တံတားက ဖွင့်ပေးလိုက်တာ လေးလလောက်ရှိပြီ။ အရင်က ပူတာအိုမြို့နဲ့ မချမ်းဘောမြို့ကို သွားဖို့က လမ်းပန်း ဆက်သွယ်ရေး အရမ်းခက်ခဲခဲ့တာ။ အခု တံတားကြောင့် ဒေသတွင်း အများကြီးအကျိုးရှိခဲ့ပြီလေ။ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း နှစ်ခုပေါင်း ကျေးရွာ (၅၀)လောက်က ဒီတံတားကိုပဲ မှီခိုသွားလာနေကြတာပေါ့။ တောင်ယာလုပ်သူတွေ အသွား အလာ အရမ်းကို အဆင်ပြေရတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ မလိခမြစ်ကူးတံတားကြီး၏ အရှည်ပေမှာ (၅၇၆) ပေ ၊ အကျယ်(၆) ပေ၊ ကြိုးဆိုင်းအမျိုးအစား သံတံတားတစ်ခုဖြစ်ကာ တည်ဆောက်ရေးကာလ(၁၁) လ တိတိကြာမြင့်ခဲ့ကြောင်း သိရသည်။

မလိခ မြစ်ကူးတံတားအား ဒေသအရေး ချစ်မြတ်နိုးသူ အလှူရှင်တစ်ဦးတည်းက အကုန်ကျခံတည်ဆောက်ခဲ့သဖြင့် အချစ်တံတားဟုလည်း သမုတ်ခေါ်ဝေါ်ကြကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here