ငါးပူတင်း စားမိ၍အစာအဆိပ်သင့်သွားသည့် ၇ ဦး ဆေးရုံတွင်ကုသခံနေရ

0
192

ကမ္ဘောဒီးယားတွင် ယခုသီတင်းပတ်အတွင်း အစာအဆိပ်သင့်၍လူခုနစ်ဦးကို ကွမ်ချန်းပြည်နယ်အလယ်ပိုင်းတွင် ဆေးရုံတင်ထားရပြီးနောက် ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူတွေကို ငါးပူတင်း မစားဖို့ စနေနေ့က သတိပေးထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

” ငါးပူတင်းစားပြီးတဲ့နောက်လူခုနစ်ယောက်အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သည့်လက္ခဏာများတွေ့ခဲ့ရှိရကြောင်း၊ ဆရာဝန်အဖွဲ့တစ်ဖွဲ့မှ အထူးကြပ်မတ်ကုသပေးပြီးနောက် လက်ရှိတွင် လူနာများသည် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူများကို အဖျားကြီးစေခြင်း သို့မဟုတ် ‌ေ-သဆုံးစေနိုင်သည့် အဆိပ်များပါရှိသောကြောင့် အဆိုပါငါးများ စားသုံးခြင်းကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှ နိုင်ငံ အတွင်းရှိ အဆိပ်ပြင်း ငါးပူတင်းမျိုးစိတ် များမှာ CarinotetraodonLorteti၊ Tetraodon Biocellatus၊ Tetraodon Nigroviridis၊ Tetraodon Fluviatilis နှင့် MonotreteCochinensis တို့ ဖြစ်သည်။

အဆိုပါ အဆိပ်ပြင်းငါးများကို စားပြီး မိနစ် ၂၀ မှ နှစ်နာရီအတွင်း ဖြစ်ပွားနိုင်သည့် လက္ခဏာများမှာ ပါးစပ်တစ်ဝိုက်နှင့် ခြေလက်များတွင် ထုံကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သွားရည်များကျခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါလက္ခဏာများသည် လေဖြတ်ခြင်း၊ သတိလစ်ခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းခြင်းအပြင် အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်နိုင်ကြောင်းသိရသည်။

Ref:xinhua, khmertimeskh


LEAVE A REPLY

Please enter your comment!
Please enter your name here