နီပေါမှာ မိုးကြီး မြေပြိ-ုမှုတွေဖြစ်လို့ လူ ၁၁ ဦး ‌ေ-သဆုံးပြီး ၈ ဦး ပျောက်ဆုံးနေ

0
236

နီပေါနိုင်ငံမှာ မိုးအကြီးအကျယ် ရွာသွန်းခဲ့မှုကြောင့် မြေပြိ-ုမှုတွေဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့ ၃၆ နာရီအတွင်း လူ ၁၁ ဦး ‌ေ-သဆုံးခဲ့ကြောင်းနဲ့ အဓိက အဝေးပြေးလမ်းတွေနဲ့ ကားလမ်းတွေ ပိတ်ဆို့မှုဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့(ဇူလိုင် ၇) မှာ ပြောဆိုပါတယ်။

ဒါ့အပြင် မြေပြိ-ုမှုအတွင်း ပိ-မိခြင်းနဲ့ ရေစီးထဲမျောပါသွားခဲ့တာတွေကြောင့် လူ ၈ ဦးခန့်ပျောက်ဆုံးနေကြောင်းနဲ့ ဖြစ်စဉ်တွေအတွင်း ဒဏ်ရာရခဲ့သူ ၁၂ ဦးရှိပြီး ဆေးရုံတွေမှာ ကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်ဘာဟာဒူရ် ကာကီက ပြောဆိုပါတယ်။

ပြိ-ုကျမြေစာတွေနဲ့ ပိတ်ဆို့နေတဲ့ လမ်းတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ရှင်းလင်းဖို့ကြိုးစားနေကာ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေအတွင်း အကြီးစား စက်ကိရိယာတွေကို အသုံးပြုလုပ်ဆောင်နေတယ်လို့လည်း ကာကီက ပြောဆိုခဲ့ပါတယ်။

နီပေါနိုင်ငံ အရှေ့တောင်ပိုင်းက ကိုရှီမြစ်ရေလျှံမှုကြောင့် အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်းလိုလို လူအ‌ေ-သအပျောက်ရှိ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လေ့ရှိပြီး ယင်းမြစ်ရေဟာ လက်ရှိမှာ အန္တရာယ်ရှိအဆင့်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ ခရိုင် အရာရှိတစ်ဦးက ပြောဆိုပါတယ်။

ကိုရှီမြစ်ရေမြင့်တက်လျက်ရှိတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့အရေးအတွက် ဂရုပြုနေထိုင်ကြဖို့ ဒေသခံတွေကို သတိပေးထားတယ်လို့ ဆန်ဆာရီခရိုင် အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဘတ် ရာဂျေဖျူယေးလ်က ပြောဆိုပါတယ်။

နိုင်ငံအနောက်ပိုင်းက မြစ်တွေနဲ့ မြို့တော် ခတ္တမန္ဒူမှာရှိတဲ့ မြစ်ကြောင်းများစွာဟာလည်း မြစ်ရေမြင့်တက်မှုတွေဖြစ်နေကာ ရေကြီးရေလျှံမှုတွေ ပေါ်ပေါက်နေတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နီပေါနိုင်ငံမှာ မိုးရာသီစတင်တဲ့ ဇွန်လလယ်ပိုင်းမှစကာ မြေပြိ-ုမှု၊ ရေကြီးမှုနဲ့ မိုးကြိုးပစ်မှုဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝန်း ‌ေ-သဆုံးရသူ ၅၀ ထက်မနည်းရှိနေခဲ့ကြောင်း သိရပါတယ်။

Ref: Sharjah24, Times of India


LEAVE A REPLY

Please enter your comment!
Please enter your name here