တရုတ်ရေချိုအိုင် တာပေါက်မှု ၄ ရက်အတွင်း ပြင်ဆင်ပြီးအောင် လုပ်နေ

0
284

တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံး ရေချိုအိုင် ရေမြင့်တက်မှုကြောင့် ကျယ်ပြန့်တဲ့ တာတမံကျိုးပေါက်ခဲ့မှုအတွက် အရေးပေါ်ပြင်ဆင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိနေပါတယ်။

သီတင်းပတ်ချီ မိုးကြီး၊ မြေပြိ-ုမှုတွေနဲ့ အခြား သဘာဝဘေးအန္တရာယ်တွေဒဏ်ခံနေရတဲ့ ပြည်နယ်တွေမှ သန်းနဲ့ချီသောပြည်သူတွေအတွက် ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ပေကျင်းက ကတိပြုထားပါတယ်။

ဟူနန်ပြည်နယ်ရှိ Dongting Lake ရေအိုင်ရဲ့ ကျိုးပေါက်ခဲ့တဲ့ အပိုင်း၂၁၃ ပေ ကို တနင်္ဂနွေနေ့မှာ အရေးပေါ်လုပ်သားတွေက ကျောက်စရစ်တွေ၊ ကျောက်တုံးတွေနဲ့ အခြားအရာဝတ္ထု့ပစ္စည်းတွေသုံးက ပြင်ဆင်ပိတ်ဆို့မှုလုပ်နေကြတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ကျိုးပေါက်နေတဲ့ အပိုင်းကို တစ်နာရီ ၄ မီတာနှုန်းနဲ့ ပြင်ဆင်ပိတ်ဆို့ခြင်းလုပ်ငန်းအား တနင်္ဂနွေနေ့ညသန်းခေါင်အထိ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်ဆင်ခြင်းလုပ်ငန်း အလုံးစုံပြီးမြောက်ဖို့ရာ ၄ ရက်ခန့်အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းကြောင်း ကျွမ်းကျင်သူတစ်ဦးက စနေနေ့မှာ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာ Dongting ရေအိုင်အတွင်း ရေပမာဏ ကျဆင်းလာတာကြောင့် ကျိုးပေါက်ရာက ထွက်သွားတဲ့ရေတွေဟာ ရေအိုင်အတွင်း ပြန်စီးဝင်မှုရှိနေတယ်လို့ ဒေသတွင်း သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ Hunan Daily က ဆိုပါတယ်။ နေသာသော ရာသီဥတုဖြစ်လာတာကြောင့် ကျိုးကျခဲ့တဲ့ ဧရိယာအတွင်း ရေပမာဏ ကျဆင်းမှုနဲ့အတူ ပြင်ဆင်ရေးလုပ်ငန်းတွေ အဆင်ပြေစွာ ဆောင်ရွက်နေနိုင်တယ်လို့လည်း ယင်းသတင်းက ဖော်ပြပါတယ်။

ရေကြီးမှု၊ တောမီးလောင်မှုနဲ့ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်မှုဖြစ်ခဲ့တဲ့ ပြည်နယ်တွေအတွက် စနေနေ့မှာ ဘဏ္ဍာရေးနဲ့ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဋ္ဌာနတွေက သဘာဝဘေး ကယ်ဆယ်ရေးရန်ပုံငွေ ယွမ်သန်း ၅၄၀ (ကန်ဒေါ်လာ ၇၅ သန်း) ခွဲဝေချထားပေးခဲ့တယ်လို့ သိရပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here