၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ (၁၀၃ ဒဿမ ၆၀) သိန်းအား မျိုးစိုက်ထည့်ရန် လျာထား

0
368

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ (၁၀၃ ဒဿမ ၆၀) သိန်းအား မျိုးစိုက်ထည့်ရန်လျာထားကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် ဇူလိုင် (၅) ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်တောင်ကျေးရွာအနီး ငမိုးရိပ်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိလ်များ၊ ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး ငမိုးရိပ်ချောင်းအတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ တစ်သိန်းခွဲ(၁၅၀၀၀၀)နှင့် ငါးခုံးမအကောင်ရေ တစ်သိန်းခွဲ(၁၅၀၀၀၀)တို့အား ငါးမျိုး စိုက်ထည့်ပေးကြကြောင်း သိရသည်။

ယခုနှစ်တွင် ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ရှိ မအူချောင်းအတွင်းသို့ လှော်ကားငါးလုပ်ငန်း စခန်းနှင့် လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတို့မှ ရွှေဝါငါးကြင်းသားပေါက် အကောင်ရေ သုံးသိန်း၊ ငါးခုံးမကြီးသားပေါက် အကောင်ရေ သုံးသိန်းနှင့် ငါးမြစ်ချင်းသားပေါက် အကောင်ရေ နှစ်သိန်း စုစုပေါင်းငါးသားပေါက်အကောင်ရေ ရှစ်သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ ရရှိစေရန် ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့စေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here