နစက ဒုဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် အမျိုးသားကော်မတီဥက္ကဋ္ဌ တို့ တရုတ်နိုင်ငံ ချင်းတောင်မြို့တွင် တွေ့ဆုံ

0
123

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ စိမ်းလန်းသော ဖွံ့ဖြိုးမှု ဖိုရမ်တက်ရောက်ရန် ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့သို့ ရောက်ရှိနေသည့် နစက ဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက်၊ အမျိုးသားကော်မတီဥက္ကဋ္ဌ မစ္စရှန်ယွဲယွဲနှင့် ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသ်ို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှုများ၊ SCO အဖွဲ့ကြီးတွင် မြန်မာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်နေသည့် အခြေအနေများ၊ ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဇူလိုင် (၈)ရက်တွင် စတင်ကျင်းပမည့် စိမ်းလန်းသောဖွံ့ဖြိုးမှု ဖိုရမ် ဖွင့်ပွဲတွင် အခြား SCO နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့်အတူ နစက ဒုဥက္ကဋ္ဌက မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းလည်း သိရသည်။

နစက ဒုဥက္ကဋ္ဌနှင့်အတူ တရုတ်နိုင်ငံခရီးစဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here