ပြည်တွင်း ပွဲစဉ် (၂)ပွဲထိုးပြီးမှသာ ONE တွင် ခြေချနိုင်ဖွယ်ရှိသည့် မန်းသား ဖိုက်တာ ကျော်စွာဝင်း

0
403

ပြည်တွင်း ပွဲစဉ် (၂)ပွဲထိုးပြီးမှသာ ONE တွင် ခြေချနိုင်ဖွယ်ရှိနေသည်ဟု မန်းလေးသား ရိုးရာဖိုက်တာ ကျော်စွာဝင်း က ဆိုထားကြောင်း သိရသည်။

ယခု ဇူလိုင်လအတွင်း ONE ၏ ကနဦး ကမ်းလှမ်းမှုကို ရခဲ့သော်လည်း စာချုပ် ချုပ်ထားသည့် ပြည်တွင်းပွဲများရှိနေခြင်းကြောင့် ပွဲစီစဥ်သူများနှင့် ပြိုင်ဘက်ကစားသမားများကို လေးစားသမှုဖြင့် စာချုပ်မဖျက်ဘဲ ပြည်တွင်းပွဲများကို ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာဝင်းအနေဖြင့် ယခုလ ဇူလိုင် (၂၁)ရက်တွင် အမေရိကန် ဖိုက်တာ ဘရက်ပက်စ်တိုးနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားရန်ရှိနေသည့်အတွက် ဝိတ်တန်းချနေရပြီး လက်ရှိတွင် 75 kg မှ 69.5 kg အထိ ဝိတ်ကျနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ONE တွင် သွားရောက်ထိုးသ-တ်နေသော ရိုးရာဖိုက် စိုးလင်းဦး၊ မိုးထက်အောင်နှင့် စိုးမင်းအောင်တို့ကိုလည်း ဂုဏ်ယူကြောင်း သတင်းစကားပါးထားသည်။

” ကိုစိုးကြီးတို့ မိုးထက်အောင်တို့ ONE မှာ အောင်မြင်မှုရတာကို ကျော်ကြီးက အထူးဂုဏ်ပြုချင်ပါတယ်။ မြန်မာဖိုက်တာတွေ အရမ်းတော်ကြပါတယ်။ ထွန်းမင်းအောင်လည်း ဗီယက်နမ် ဖိုက်တာနဲ့ ပွဲမှာ ရလဒ် ကောင်းမှာပါ။ ပရိတ်သတ်တွေလည်း လောလောဆယ် ပြည်တွင်းပွဲတွေမှာ စာချုပ်တွေပြည့်အောင် ထိုးမယ့် ကျော်ကြီးကိုလည်း အားပေးကြပါအုံး ခင်ဗျ။ ပြည်တွင်း စာချုပ်တွေ ပြည့်ပြီးရင် ပြည်ပပွဲတွေလည်း စတင် ထိုးသွားတော့မှာပါ။အများကြီးကြိုးစားထားပါတယ်ခင်ဗျ” ဟု ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here