ဘင်္ဂလားဒေ့ရှ်၌ ရေကြီးရေလျှံ၊ လူရှစ်ဦး‌ေ-သဆုံးကာ သန်းချီ၍ထိခိုက်

0
212
People push a handcart carrying supplies through the flood at Fenchuganj in Sylhet on July 3, 2024. - Six people have been killed in floods precipitated by torrential rains across northeast India and neighbouring Bangladesh that inundated the homes of more than a million others, officials said on July 3. (Photo by Mamun Hossain / AFP)

ကူရီဂါရမ်၊ဇူလိုင် ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးများရေအဆမတန်မြင့်တက်လာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ‌ေ-သဆုံးသူ ၈ ဦးရှိခဲ့ပြီး နှစ်သန်းကျော်သည်ရေလွှမ်းမိုးမှု ဒဏ်ကိုခံစားနေရကြောင်းသိရသည်။

ရာသီဥတုပြောင်းလဲမှုများကြောင့် လိုသည်ထက်ပို၍ မိုးရွာသွန်းမှုများရှိလာကာ အပူချိန်မြင့်တက်လာမှုကလည်း ဟိမဝန္တာရှိရေခဲတောင်များကိုအရည်ပျော်စေခဲ့သဖြင့် ရေကြီးရေလျှံမှုလည်းဖြစ်စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရကမူ လက်ရှိအချိန်၌ ၎င်းတို့အနေဖြင့် ရေဘေးကြောင့်ထိခိုက်ခဲ့ရသူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားပြီး အစားအသောက်နှင့်ထောက်ပံ့ရေးပစ္စည်းများကိုပါ ပို့ဆောင်ပေးခဲ့ကြောင်းလည်းဆိုခဲ့သည်။

“လက်ရှိအခြေအနေအရ လူနှစ်သန်းလောက်ရေဘေးသင့်နေပြီး နိုင်ငံမှာရှိတဲ့ ခရိုင် ၆၄ ခုထဲမှာ ၁၇ ခုက ရေဘေးဒဏ်ခံနေရပါတယ်” ဟုလည်း နိုင်ငံ၏သဘာဝဘေးစီမံခန့်ခွဲရေးဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ဆက်လက်၍လည်း ရေကြီးမှုအခြေအနေသည် ပိုဆိုးလာနိုင်ကြောင်း ၎င်းကပြောကြားခဲ့ပြီး
ဘင်္လားဒေ့ရှ်သည် ရေဘေးဒဏ်ခံရသည်မှာ အထူးအဆန်းမဟုတ်သော်လည်း ယခုနှစ်ကပိုမိုဆိုးရွားသည်ဟုပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here