ဘိုင်ဒင်နေရာတွင် အစားထိုးရန် ကမလာဟဲရစ်သာရှိဟု အမေရိကန် ဒီမိုကရက်များဆို

0
252

ကမလာဟဲရစ် သာလျှင် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်နေရာကို အစားထိုးရန်အတွက် တစ်ဦးတည်းသော သမ္မတလောင်းဖြစ်သည်ဟု အမေရိကန် ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းခေါင်းဆောင်များကရှုမြင်ကြောင်း Wall Street Journal က ရေးသားဖော်ပြခဲ့သည်။

Wall Street Journal ၏ အဆိုအရ ဟဲရစ်သည် ဘိုင်ဒင် နေရာတွင် အစားထိုးရန်အတွက် တစ်ဦးတည်းသော သမ္မတလောင်းဖြစ်သည်ဟူ၍ အမေရိကန် ဒီမိုကရက်တစ်ပါတီ ထိပ်သီးများအားလုံးအကြား သဘောတူညီမှုရရှိလုနီးပါး ဖြစ်နေကြောင်း သိရသည်။ သုတေသနစစ်တမ်းများအရမူ ဟဲရစ်သည် ဒေါ်နယ်ထရမ့်၏နောက်တွင် နောက်ကျကျန်နေသောကြောင့် မကျေနပ်မှုအချို့ရှိမည်ဖြစ်သော်လည်း၊ ဘိုင်ဒင်၏ လုပ်ရပ်များကြောင့် နောက်တက်လာမည့် သမ္မတသစ်အနေဖြင့် အမွေဆက်ခံရရှိမည်ဖြစ်သော ငွေကြေးဖောင်းပွမှုနှင့် အခြားပြဿနာများအတွက် အကြောင်းပြချက်များအရမူ ဟဲရစ်နှင့် သင့်တော်နေပြန်သည်ဆို၏။

မည်သို့ပင်ဆိုစေကာမူ အမေရိကန် ဒီမိုကရက်တစ်ပါတီထိပ်သီးများသည် လိုက်နာရမည့် မူဝါဒများကြောင့် အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ကမလာဟဲရစ်၏ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ငြင်းဆိုရန် အလွန်ကြောက်လန့်နေကြကြောင်းကိုလည်း Wall Street Journal က ရေးသားဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here