တရုတ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးအပြီး ဟန်ဂေရီဝန်ကြီးချုပ် ဝါရှင်တန်သို့ ဆက်လက်ထွက်ခွာ

0
143
This handout from the social media platform X (formerly Twitter) account of Hungary's Prime Minister Viktor Orban @PM_ViktorOrban posted on July 8, 2024 shows Orban (L) shaking hands with China's President Xi Jinping in Beijing. - Hungarian Prime Minister Viktor Orban met Chinese President Xi Jinping in Beijing on July 8, state media reported, in a visit the European leader has branded as a "Peace mission 3.0" after recent trips to Moscow and Kyiv. (Photo by Handout / X ACCOUNT OF HUNGARY'S PRIME MINISTER VIKTOR ORBAN @PM_ViktorOrban / AFP)

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ မြို့တော် ပေကျင်းမှာ ယူကရိန်းဆိုင်ရာ တရုတ်ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ဆွေးနွေးခဲ့ပြီးနောက် သူ ဝါရှင်တန်ကို ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ ဇူလိုင် ၈ ရက်မှာ ပြောဆိုပါတယ်။

၆ လတာ အီးယူဥက္ကဋ္ဌရာထူးကို ဇူလိုင်လမှာ စတင်တာဝန်ယူခဲ့တဲ့ ဟန်ဂေရီဟာ အော်ဘန်ရဲ့ မဟာမိတ်ဖြစ်သလို အီးယူကို ပြတ်ပြတ်သားသား ဝေဖန်သူဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ ပုံစံအတိုင်း ဥရောပကို တကျော့ပြန် ကြီးကျယ်ခမ်းနားစေမယ်ဆိုတဲ့ ကြွေးကြော်မှုလုပ်ထားပါတယ်။

ဥက္ကဋ္ဌရာထူးစယူခဲ့ချိန်ကစလို့ အော်ဘန်ဟာ ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းရေးမစ်ရှင်လို့ ထုတ်ဖော်ပြောဆိုမှုနဲ့အတူ ကိဗ်၊ မော်စကိုနဲ့ ပေကျင်းတို့ကို သွားရောက်ခဲ့ပါတယ်။

ယူကရိန်းကို အထောက်အပံ့တွေ ထပ်မံပေးအပ်ဖို့ရှိနေတဲ့ နေတိုးထိပ်သီးအစည်းအဝေး မတိုင်မီနဲ့ တရုတ်နိုင်ငံထုတ် EV ကားတွေ တင်သွင်းမှုအပေါ် အခွန်စည်းကြပ်သွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဥရောပကော်မရှင်က အတည်ပြုခဲ့ပြီးနောက်ပိုင်း အော်ဘန်ရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ထရန့်ရဲ့ အိမ်ဖြူတော်ပြန်ရောက်ရေး ရွေးကောက်ပွဲဝင်ပြိုင်မှုကို ထောက်ခံတဲ့ အမျိုးသားရေးသမားတစ်ဦးဖြစ်သူ အော်ဘန်ဟာ မတ်လအတွင်းက ဖလော်ရီဒါမှာ ထရန့်နဲ့ တွေ့ဆုံခဲ့ကြပေမယ့် သူတို့နှစ်ဦး နောက်ထပ်တွေ့ဆုံမယ့် အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။

အော်ဘန်ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ကြေညာခဲ့တဲ့ သူ့ရဲ့ အမေရိကန် ခရီးစဉ်အသေးစိတ်နဲ့ ပတ်သက်လို့ ဟန်ဂေရီအစိုးရကို မေးမြန်းမှုတွေလုပ်ခဲ့ပေမယ့် လတ်တလောမှာ တုန့်ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ခဲ့ချိန်ကစလို့ အော်ဘန်က ကိဗ်အတွက် လက်နက်တွေ ပေးပို့ရေးကို ငြင်းဆန်ခဲ့သလို မော်စကိုနဲ့ နီးကပ်တဲ့ စီးပွားရေးဆက်ဆံမှုကို ဆက်လက်ထားရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သောကြာနေ့က ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံထားခဲ့ပါတယ်။

Ref: Investing.com


LEAVE A REPLY

Please enter your comment!
Please enter your name here