နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုအဖြစ် မြောက်ကိုရီးယား စစ်သင်တန်းသားများ ရုရှားနိုင်ငံသို့ အလည်အပတ် သွားရောက်

0
206

မြောက်ကိုရီးယား ထိပ်တန်း စစ်သင်တန်းသားတွေ ရုရှားနိုင်ငံကို အလည်အပတ်ထွက်ခွာသွားကြတယ်လို့ နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့(ဇူလိုင် ၉) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စေမယ့် စာချုပ်တစ်ခုကို နှစ်နိုင်ငံခေါင်းတွေ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဒါဟာ ပထမဆုံး နှစ်ဖက်အပြန်အလှန်စစ်ရေးဖလှယ်မှုအစီအစဉ်ဖြစ်ပါတယ်။

ကင်အီလ်ဆွန်းစစ်တက္ကသိုလ် ဥက္ကဋ္ဌ ကင်ဂျမ်ချိုးလ်ဦးဆောင်တဲ့ စစ်အရာရှိသင်တန်းသား ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့မှာ လေယာဉ်နဲ့ ထွက်ခွာသွားတာဖြစ်တယ်လို့ KCNA သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

အလည်အပတ်ခရီးဟာ ဘယ်လိုရည်ရွယ်ချက်အတွက်လဲဆိုတာနဲ့ ရုရှားရဲ့ ဘယ်နေရာတွေကို သွားရောက်လည်ပတ်မှာလည်းဆိုတဲ့ အချက်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ဇွန်လအတွင်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြုံယမ်းကို အလည်အပတ်သွားရောက်ခဲ့မှုအပါအဝင် ပြီးခဲ့တဲ့နှစ်အတွင်း အဆင့်မြင့်အရာရှိတွေအကြား စံချိန်တင်အပြန်အလှန်သွားရောက်ခဲ့ကြမှုတွေ လုပ်ခဲ့ကြပါတယ်။ ယခု စစ်တက္ကသိုလ်သင်တန်းသား ကိုယ်စားလှယ်အဖွဲ့ရဲ့ ရုရှားခရီးစဉ်ဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ခရီးစဉ်ဖြစ်ပါတယ်။

ပူတင်နဲ့ ကင်ဂျုံအန်တို့ဟာ ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေးအတွင်း အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အပါအဝင် “ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး” စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူစာချုပ်ဟာ မဟာမိတ်ဖွဲ့မှုအတိုင်းအတာမြောက်တယ်လို့ ကင်ဂျုံအန်က ပြောဆိုခဲ့ပါတယ်။

Ref: Investing.com


LEAVE A REPLY

Please enter your comment!
Please enter your name here