အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အားကောင်းလာစေရန် ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဘိုင်ဒင်ဆို

0
272

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ခြေလှမ်းသစ်များလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတစ်ပတ်မှာတော့ သမ္မတ ဇယ်လင်စကီး နဲ့ NATO ခေါင်းဆောင်တွေကို ဝါရှင်တန်မှာ ကြိုဆိုတွေ့ဆုံမှာဖြစ်ပြီး ယူကရိန်းအတွက် ကာကွယ်ရေးဆိုင်ရာကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ ထောက်ခံမှုဟာ ယိမ်းယိုင်မနေဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိရအောင် သမ္မတ ဇယ်လင်စကီးကို ပြောပြမှာဖြစ်ပါတယ်။” ဟု ဘိုင်ဒင်က ပြောသည်။

“ယူကရိန်းနဲ့ အတူကမ္ဘာကြီးဆက်လက်ရပ်တည်ဖို့ အရေးကြီးပါတယ်” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

ရုရှားစစ်တပ်သည် ရုရှားပိုင်နက်နယ်မြေရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ယူကရိန်းကတိုက်ခိုက်ရန် ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းစစ်တပ်၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် လေတပ်အခြေစိုက်စခန်းများကို တိကျသေချာစွာဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ အရပ်ဘက်ပစ်မှတ်များကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်ဖြင့် တိုက်ခိုက်သည်ဟူသော ယူကရိန်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်မှာ လက်တွေ့နှင့် မကိုက်ညီကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here