ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ နှင့်ပက်သက်၍ ဆင်ခြင်စရာများ အသိပညာပေးနေ

0
520

ရန်ကုန်တိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်နေသည့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။

ဖြစ်ပေါ်နေသည့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပြည်သူ့များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၃)၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသီတာလှက ဆေးရုံတွင် ကုသ‌မှုပေးနေသော အခြေအနေများနှင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်နေမှုကိုလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ယင်လုံအိမ်သာများ‌ ဆောက်လုပ်ပေးနေမှု အခြေအနေများ၊ ရေလှောင်ကန်များမှ ရေကို ရေသယ်ယာဉ်များဖြင့် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးလျှက်ရှိသည့် အခြေအနေများ၊ လူမှုရေးရာဝန်ကြီး ဦး‌ဌေးအောင်က မြေပြင်ကွင်းဆင်း တွေ့ရှိမှုအခြေအနေများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို အောက်ခြေအဆင့်အထိ ရောက်ရှိအောင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆေးရုံအုပ်ကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်နေသော ကူးစက်ရောဂါအခြေအနေများကို ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်နေသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ စုပေါင်းအဖွဲ့များဖြင့် ရပ်ကွက်၊ စာသင်ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘုန်းတော်ကြီးကျောင်း/သီလရှင်ကျောင်း၊ ဈေးများနှင့် လူစည်းကားရာနေရာများတွင် Hand Speaker များဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းများဖြင့် အသိပညာ ပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ ရောဂါဖြစ်ပွားသည့် သက်ဆိုင်ရာရပ်ကွက်အလိုက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို တာဝန်ရှိသူ အဆင့်ဆင့်က အများပြည်သူသိရှိလိုက်နာနိုင်ရေး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန်၊ ဆေးရုံကြီးများတွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၍ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအပိုင်းများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များရှိပါက ချက်ချင်းတင်ပြကြရန် လိုအပ်ကြောင်းသို့မှသာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ (၁၆၀) ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here