ပိုလန်နိုင်ငံနယ်စပ်အနီး တရုတ်နဲ့ ဘီလာရုစ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

0
163

တရုတ်နဲ့ ဘီလာရုစ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို တနင်္လာနေ့မှာ စတင်လိုက်တယ်လို့ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေက ပြောဆိုပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်မှ မိုင်အနည်းငယ်အကွာမှာ လုပ်ဆောင်နေတာဖြစ်ပြီး နေတိုးမဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးမတိုင်ခင်လေးမှာ စစ်ရေးလေ့ကျင့်မှု စတင်ခဲ့တာလည်းဖြစ်ပါတယ်။

ကမ္ဘာမှာဖြစ်ပျက်နေတာတွေက စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဖြေရှင်းဖို့ခက်တဲ့ အခြေအနေဖြစ်ကြောင်း ဒီအတွက် နည်းဗျူဟာမြောက် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တဲ့ ပုံစံသစ်နဲ့ နည်းလမ်းသစ်တွေကို လေ့ကျင့်သွားမှာဖြစ်ကြောင်း ဘီလာရုစ်အထူးစစ်ဆင်ရေးဋ္ဌာနချုပ်ရဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ဗန်ဒီယမ် ဒန်နီဆန်ကိုက ပြောဆိုတယ်လို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

Falcon Assault လို့ အမည်ပေးထားတဲ့ ယင်း စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၉ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ကာ ဘီလာရုစ်နိုင်ငံအနောက်တောင်ပိုင်း ဘရက်စ်မြို့အနီး လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ယင်းမြို့ဟာ ပိုလန်နိုင်ငံနဲ့ နယ်စပ်လိုင်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေ ပိုမိုတိုးမြှင့်ပေးသွားမယ့် ထိပ်သီးအစည်းအဝေးအတွက် အင်္ဂါနေ့မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာ တွေ့ဆုံသွားကြမယ်လို့ သိရပါတယ်။

Ref: Alarabiya News


LEAVE A REPLY

Please enter your comment!
Please enter your name here