လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဆလိုဗက်ဝန်ကြီးချုပ် တာဝန်များပြန်လည်ထမ်းဆောင်ပြီ

0
360

မေလအတွင်းက သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သော ဆလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖစ်ကိုသည် သူ၏ လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်ပြီဖြစ်ကြောင်း ဆလိုဗက်ရုပ်သံက ဖော်ပြခဲ့သည်။

ဆလိုဗက်နိုင်ငံအနေဖြင့် ယူကရိန်းထုတ်ကုန်အချို့ကို တင်သွင်းမှုတားမြစ်ချက်အား ရုတ်သိမ်းရန် အစီအစဉ်မရှိကြောင်းကိုလည်း ဖစ်ကိုက နိုင်ငံ၏အနောက်ခြမ်းရှိ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့် Agro Voderady သို့ အလည်အပတ်လာရောက်စဉ်တွင် အတည်ပြုပြောကြားခဲ့သေးသည်။

မေလ ၁၅ ရက်က ဆလိုဗက်နိုင်ငံအနောက်ပိုင်း ဟန်ဒလိုဗာ မြို့၌ ဝန်ကြီးချုပ်ဖစ်ကို ကို လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ခွဲစိတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။ သေနတ်ဖြင့်ပစ်ခတ်သူ ဂျူရာ့ချ်စင်တူလာ(အသက် ၇၁ နှစ်)ကို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီး စွဲချက်တင်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here