မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

0
140

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ယင်းတွေ့ဆုံမှုအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အထူးသံတမန်အဖြစ် ခန့်အပ်ခံရခြင်းအတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ အထူးသံတမန်ရဲ့ လုပ်ငန်းတာဝန်တွေအပေါ် ပံ့ပိုးကူညီသွားဖို့ရာ အသင့်ရှိကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံအတွက် ရေရည်တည်တံ့သော နိုင်ငံရေးအဖြေရှာဖွေရေး၊ အာဆီယံ မူ ငါးချက် အကောင်အထည်ဖော်ရေးအတွက် သိန္နိဋ္ဌာန်ချထားကြောင်းကို နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ အထူးကိုယ်စားလှယ်ဟာ သူမရဲ့ အရှေ့တောင်အာရှခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းနိုင်ငံကို လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီက သူမဟာ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံများကို သွားရောက်ခဲ့ကြောင်း သိရပါတယ်။

Ref: Asean All


LEAVE A REPLY

Please enter your comment!
Please enter your name here