မြန်မာ့ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော်ရရှိထား

0
107

မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၁၄၃) သန်းကျော်ရရှိထာပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ရရှိခဲ့သည့် ဝင်ငွေထက် ကန်ဒေါ်လာ (၃၁) သန်းကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဝင်ငွေသည် ၂၀၂၄ ခုနှစ်ဧပြီ (၁) ရက်မှ ဇွန် (၂၈) ရက်အထိ ရရှိထားသည့် ဝင်ငွေဖြစ်ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလတွင် မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၉၈၄ သန်း ရရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ (၇၂၈) သန်းကျော် ရရှိခဲ့ပြီး အဆိုပါ ပမာဏသည် ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရေထွက်ကုန်တင်ပို့မှုဈေးကွက်တွင် ရေထွက်ကုန်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်သည်တရုတ်ဈေးကွက်သို့ အဓိက တင်ပို့နေပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဂျပန်နှင့် အီးယူနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၄၀) ကျော်ကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ အဓိက တင်ပို့သည့် ရေထွက်ကုန် အမျိုးအစားများမှာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန် နှင့် ဂဏန်း အစရှိသည်တို့ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here