အမြင်အာရုံချို့တဲ့သူတွေကို ကူညီပေးမယ့် လမ်းပြ စက်ရုပ်ခွေး တရုတ်သုတေသီတွေ စမ်းသပ်
 
ခြေခြောက်ချောင်းပါ တရုတ်စက်ရုပ် လမ်းပြခွေးတွေဟာ တစ်နေ့နေ့မှာ အမြင်အာရုံချို့တဲ့သူတွေအတွက် ပိုမိုလွတ်လပ်လွယ်ကူစွာ ရှင်သန်နေထိုင်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ရှန်ဟိုင်းမှ ဒီစက်ရုပ်ခွေးရဲ့ သုတေသနဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက ပြောဆိုပါတယ်။

0
342

လက်ရှိမှာ လက်တွေ့စမ်းသပ်မှုအဆင့်ရောက်နေပြီဖြစ်တဲ့ ဒီစက်ရုပ်ခွေးတွေဟာ သမားရိုးကျ (သက်ရှိ) လမ်းပြခွေးတွေ မလုပ်ဆောင်နိုင်တဲ့ မီးပွိုင့်အချက်ပြမှုတွေကို မှတ်သားခြင်း အပါအဝင် ၎င်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကို ကင်မရာတွေ အာရုံခံစနစ်တွေကတဆင့် ထိန်းကျောင်းသွားလာနိုင်တယ်လို့ ဆိုပါတယ်။

အကြမ်းအားဖြင့် အင်္ဂလိပ် ခွေးဘီလူးအရွယ်အစားရှိပြီး အနည်းငယ် ဗျက်ပိုကျယ်တဲ့ စက်ရုပ်ခွေးဟာ ပေါင်းစပ်ထားတဲ့ AI နည်းပညာဖြင့် အသံမှတ်သားမှု၊ လမ်းကြောင်းစီစဉ်နိုင်မှုနဲ့ မီးပွိုင့်မှတ်မိမှုတို့မှာ အမြင်အာရုံချို့တဲ့သူနဲ့ နားထောင်ခြင်း၊ စကားပြောခြင်းအားဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ ခြေထောက်ခြောက်ချောင်းပါတာကြောင့် ချောချောမွေ့မွေ့လမ်းလျှောက်နိုင်ပြီး တည်ငြိမ်မှုအမြင့်ဆုံးအနေအထားတဲ့ အကူအညီပေးနိုင်တယ်လို့ သုတေသီတွေက ပြောဆိုပါတယ်။

ခြေထောက်သုံးခြောင်းမြှောက်ချိန်မှာ ကင်မရာ tripod လိုမျိုး ခြေထောက်သုံးချောင်းဆက်ရှိနေဦးမှာဖြစ်ပြီး ဒါက အတည်ငြိမ်ဆုံးပုံစံဖြစ်တယ်လို့ ရှန်ဟိုင်းရှိ Jiao Tong တက္ကသိုလ်ရဲ့ စက်မှုအင်ဂျင်နီယာကျောင်းမှ သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Gao Feng က ပြောဆိုခဲ့ပါတယ်။

အမြင်အာရုံချို့တဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ Li Fei (၄၁ နှစ်) နဲ့ Zhu Sibin(၄၂ နှစ်) တို့က Jiao Tong တက္ကသိုလ်အဖွဲ့ရဲ့ စက်ရုပ်ခွေးစမ်းသပ်ရာမှာ ပါဝင်ကူညီခဲ့ကြပြီး တရုတ်ဘာသာစကားသုံးကာ အမိန့်ပေးခိုင်းစေမှု လုပ်ခဲ့ကြပါတယ်။

ဒီစက်ရုပ်လမ်းပြခွေးတွေ ဈေးကွက်ကို ရောက်လာပြီး မိမိအနေနဲ့ အသုံးပြုနိုင်ပြီဆိုရင်တော့ အနည်းဆုံးအနေနဲ့ တစ်ကိုယ်တည်း သွားလာတဲ့အခါမျိုးမှာ ကြုံရတဲ့ ပြဿနာအချို့ကို ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ Li က ပြောဆိုပါတယ်။

သြစတြေးလျ၊ ဗြိတိန် အပါအဝင် အခြားနိုင်ငံတွေမှာ စက်ရုပ် လမ်းပြခွေးတွေကို ဖန်တီးဆဲအခြေအနေမှာပဲ ရှိပါသေးတယ်။

တရုတ်နိုင်ငံကတော့ သမားရိုးကျ လမ်းပြခွေးတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အမြင်အာရုံချို့တဲ့သူ သန်း ၂၀ နီးပါးအတွက် လမ်းပြခွေးအရေအတွက်က ၄၀၀ ကျော်လေးသာရှိနေတယ်လို့ Gao က ပြောဆိုခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here