တံတားဦးတွင် မြစ်ရေတက်မှုကြောင့် အခြေခံပညာကျောင်း (၉) ကျောင်း ခေတ္တယာယီပိတ်ထားရ

0
342

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့ မြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၉)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။

ထိုကဲ့သို့ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားအနိမ့်ပိုင်း ရပ်ကွက်ကျေးရွာများရှိ ပြည်သူများလည်း ရေလွတ်ရာကုန်းမြင့်နေရာများသို့ ပြောင်းရွေ့နေထိုင်နေကြရသည်။

ခေတ္တယာယီပိတ်ထားရသော ကျောင်းများမှာ တံတားဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများဖြစ်သော အ.ထ.က မြေငူ၊ မူလွန် လက်ဆောင်ယူကျောင်း၊ အ.မ.က ထောက်ရစ်၊ အ.မ. က ဘလဲ့ဘ၊ အ.မ.က ပေါက်တော၊ အ.မ.က ကျီးပင်၊ အ.မ. က ငါးရာပြား၊ အ.မ.က ဈေးချိုနှင့် အ.မ.က ဇီးပင်ကွေ့ကျောင်းများဖြစ်ကြပြီး ယနေ့ ဇူလိုင် (၉)ရက်မှ နံနက်ပိုင်းမှ စတင်၍ ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ပိတ်ထားရသည့် ကျောင်းများကို ရေများပြန်လည်ကျသည့်အခါ ကျောင်းပိတ်ရက်များတွင် အစားထိုးပြန်လည် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥက နိုင်ငံပိုင် သတင်းဌာနမှ တဆင့် ပြောကြားထားသည်။

ထို့ပြင် မြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) အုပ်စု၊ ကျေးရွာပေါင်း(၁၄)ရွာရှိ အိမ်ထောင်စုပေါင်း(၉၅၅)စု၊ လူဦးရေပေါင်း(၃၉၂၃)ဦးတို့ထံရေများဝင်ရောက်နေပြီဖြစ်ရာ ငါးရာပြားကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာအုပ်စုနှင့် ဥတည်ကျေးရွာကျေးရွာအုပ်စု စုစုပေါင်း(၄)အုပ်စု အိမ်ထောင်စုပေါင်း (၁၀၀)၊ လူဦးရေပေါင်း (၄၂၇)ဦးတို့မှ ရေလွတ်ရာကုန်းမြင့်နေရာများ၊ နီးစပ်ရာဆွေမျိုးများ၏နေအိမ်များသို့ ပြောင်းရွေ့နေထိုင်နေကြကြောင်းလည်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ (၂) နာရီထုတ်ပြန်ချက်အရလည်း ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေသည် မန္တလေးမြို့နှင့် မြစ်ငယ်မြို့တွင် နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here