ဗိုလ်လုပွဲက ထိုင်စောင့်ပြီဖြစ်တဲ့ စပိန်

0
179

ဒီနေ့မနက် ကစားသွားတဲ့ ယူရို ၂၀၂၄ အကြိုဗိုလ်လုပွဲစဉ်မှာတော့ ပုံစံကောင်းဆက်တိုက်ရနေတဲ့ စပိန်က ပြင်သစ်ကို ၂-၁ ဂိုးနဲ့နိုင်ပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

စပိန်တို့ဟာ ဒီပွဲအပါအဝင် ဒီပြိုင်ပွဲမှာ ခြောက်ပွဲဆက် အနိုင်ရခဲ့ခြင်ဖြစ်ပြီး ခြေစွမ်းကောင်း ပြသနေခဲ့တာပါ။

ပြင်သစ်ဟာ ပထမပိုင်း ၈ မိနစ်မှာပဲ ဦးဆောင်ဂိုး စရခဲ့တာဖြစ်ပြီး အမ်ဘတ်ပေရဲ့ တိကျသေသပ်တဲ့ ဖြတ်တင်ဘောကို မူအာနီက ခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ပွဲချိန် ၂၁ မိနစ်မှာ ယာမယ်က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပကန်သွင်းကာ စပိန်တို့အတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် ၂၅ မိနစ်မှာ စပိန်ကွင်းလယ်ကစားသမား အော်လမိုက ပြင်သစ်နောက်ခံလူနှစ်ဦးကိုခေါက်ပြီး အနိမ့်ဘောအပြင်းကန်သွင်းကာ ဦးဆောင်ဂိုးရယူခဲ့နိုင်ပါတယ်။

ဂိုးတွေပေးလိုက်ရတာကြောင့် ပြင်သစ်တို့ တိုက်စစ်မြှင့်ပြီး ကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိခဲ့တာကြောင့် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပထမပိုင်းရလဒ်အတိုင်း ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ အလှမ်းဝေးခဲ့ရပါတယ်။

ဒီပွဲအနိုင်ရခဲ့တဲ့ စပိန်ဟာ အင်္ဂလန်-နယ်သာလန်ပွဲစဉ်က အနိုင်ရသူနဲ့ ဗိုလ်လုပွဲ နွှဲသွားရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here