သာကေတမြို့နယ်၊ တပ်ဖွဲ့လမ်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားရာ အသက် (၈)နှစ် အရွယ် က-လေ-းငယ်တစ်ဦး အသက်ဆုံးရှုံး

0
219

ရန်ကုန်တိုင်း‌ဒေသကြီး၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားရာမှ အသက် (၈)နှစ် အရွယ် အမျိုးသမီးက-လေ-းငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇူလိုင် (၁၀)ရက်၊ နံနက် (၇)နာရီ (၂၁)မိနစ်အချိန်က သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ (၇)နာရီ (၂၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် အသက်(၈)နှစ် အရွယ် က-လေ-းငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မီးလောင်မှုအတွင်း အသက်ဆုံးရှုံးခဲ့သည့် က-လေ-းငယ် ၏ ရုပ်အလေ-ာင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here