ဘီးလင်း အစာအဆိပ်သင့်မှု ဖြစ်စဉ်မှ ဒေသခံ (၆၀)ဦး ပြန်လည်သက်လာပြီဖြစ်ဟု ဆို

0
167

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်း ကျေးရွာ အစာအဆိပ်သင့်မှု ဖြစ်စဉ်မှ ဒေသခံ (၆၀) အသက်ဆုံးရှုံးမှု မရှိဘဲ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးတာဝန်ခံ တစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

“အားလုံးသက်သာလာပါပြီ။ ကျွေးတဲ့ ကြက်သားကပဲ ဖြစ်လား။ ချက်တဲ့ ထမင်းကပဲ ဖြစ်လားဆိုတာတော့ ကျန်းမာရေးဌာနက စစ်ဆေးမှ သိရမှာပဲ။ ဆေးရုံကတော့ အစာအဆိပ်သင့်တာလို့တော့ ပြောပါတယ်။ အခုတော့ ဘီးလင်း ပြည်သူဆေးရုံကြီးမှာ ကုသမှုခံနေတယ်” ဟု ၎င်းက ပြောသည်။

အစားအဆိပ်သင့်မှု ဖြစ်စဉ်တွင် ကျောက်တွင်းကျေးရွာရှိ က-လေ-းလူကြီး ဦးရေ(၉၀)ကျော် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အတွင်း မူးဝေအော့အန်ခြင်းများကြောင့် ဘီးလင်းမြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုလ ဇူလိုင် (၈)ရက် မွန်းလွဲပိုင်းအချိန်၌ အဆိုပါ ကျေးရွာရှိ မင်္ဂလာဆောင်တစ်ခုတွင် ကြက်သားနှင့် ဒံပေါက် ကျွေးမွေးမှုအား စားသုံးရာမှတဆင့် အစားအဆိပ်သင့်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ -CJ(ပေးပို့)


LEAVE A REPLY

Please enter your comment!
Please enter your name here