အိန္ဒိယ၌ နှစ်ထပ်ဘတ်စ်ကားနှင့်နွားနို့ပို့ကားတို့တိုက်မိရာမှ ၁၈ ဦး‌ေ-သဆုံး

0
215

နူးဒေလီ၊ဇူလိုင် ၁၀

အိန္ဒိယနိုင်ငံ အတ်တရာပရာဒက်ရှ်ပြည်နယ်၌ ခရီးသည်တင်နှစ်ထပ်ဘတ်စ်ကားတစ်စီးက နွားနို့ပို့ကားကို နောက်မှဝင်တိုက်မိသဖြင့် ဘက်စ်ကားပေါ်မှ ခရီးသည် ၁၈ ဦးထက်မနည်း‌ေ-သဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါခရီးသည်တင်ကားသည် ဘီဟာပြည်နယ် စီတာမာဟိမြို့မှ ဒေလီသို့လာခြင်းဖြစ်ပြီး နို့ပို့ယာဉ်အား ၎င်းက အနောက်ဘက်မှဝင်တိုက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ဒီယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည် ၁၈ ဦး အသက်‌ေ-သဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရခဲ့ပါတယ်၊ဒဏ်ရာရသူတွေကို နီးစပ်ရာကျန်းမာရေးဌာနတွေမှာဆေးကုသမှုပေးထားပြီး စိတ်ချရရင် ခရိုင်ပြည်သူ့ဆေးရုံကြီးကိုလွှဲပေးသွားမှာပါ၊မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို အသေးစိတ်စုံစမ်းနေပြီး ကနဦးယူဆချက်အရတော့ ခရီးသည်တင်ကားက အရှိန်များလာတာပါ” ဟုလည်းဆိုသည်။

အိန္ဒိယနိုင်ငံ၌ လူအ‌ေ-သအပျောက်များသည့် ယာဉ်မတော်တဆမှုများသည် မကြာခဏဖြစ်လေ့ရှိပြီး များသောအားဖြင့် ဝန်ပိုတင်ခြင်း၊လမ်းအခြေအနေဆိုးရွားခြင်းနှင့် မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားလေ့ရှိသည်ဟုလည်းသိရသည်။

အိန္ဒိယနိုင်ငံတစ်ဝန်း၌ ယာဉ်မတော်တဆမှု တစ်သန်းခွဲခန့်တွင် နှစ်စဉ် လူပေါင်း ၁၅၀,၀၀၀ ခန့်‌ေ-သဆုံးနေကြောင်းလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here