မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမှုဖြစ်စဉ်အပြီး ပိုင်ရှင်မဲ့ အလေ-ာင်းတစ်လေ-ာင်းအပါအဝင် ‌ေ-သဆုံး(၇)ဦးခန့် ရှာဖွေတွေ့ရှိထားဟု ဆို

0
300

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေကြီးမှု ဖြစ်ပွားခဲ့အပြီး ယနေ့အချိန်အထိ ပိုင်ရှင်မဲ့အလော-င်းတစ်‌လေ-ာင်းအပါအဝင် ‌ေ-သဆုံးနေသည့် ရုပ်အလေ-ာင်း (၇)ခန့် ရှာဖွေတွေ့ရှိထားကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယမန်နေ့ ဇူလိုင်(၉)ရက်တွင် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအောက်ဘက်၌ ‌ေ-သဆုံးနေသည့် အမျိုးသား ရုပ်အလေ-ာင်းနှစ်လေ-ာင်း တွေ့ရှိခဲ့ပြီး တစ်လေ-ာင်းမှာ ပိုင်ရှင်မဲ့အလော-င်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရှာတွေ့တာတော့ နှစ်လော-င်းရှိပြီးပေါ့။ အခြားအဖွဲ့တွေနဲ့ ဆိုရင်တော့ (၇)နှစ်လေ-ာင်းလောက်ရှိမယ်။ ပိုင်ရှင်မဲ့ကိုတော့ မီးသဂြိုဟ်ပေးလိုက်ပါပြီ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြစ်ကြီးနား အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးများ ရပ်နားလိုက်ပြီဖြစ်ကြောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

“လောလောဆယ် ရေတွင်းတွေ ပြန်ဆယ် ယူတာတွေ လုပ်နေပါတယ်။ အချို့တွေတော့ နေအိမ်တွေကို ပြန်နေကြပါပြီ။ အချို့လည်း အနိမ့်ပိုင်းရေတင်နေတာတွေရှိတော့ မပြန်ကြသေးပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လက်ရှိတွင် မြစ်ရေ ဝင်ရောက်ရာမှတဆင့် ရေတွင်းရေကန်များ ရေဆိုးဝင်ရောက်မှုအတွက် အမြန်ဆုံးဆောင်ရွက်နေပြီး ယင်းမှတဆင့် ဝမ်းရောဂါဖြစ်ပွားမှု မရှိစေရန် ဆောင်ရွက်လျှက်ရှိသည်ဟုဆိုသည်။

“မြစ်ကြီးနားမှာတော့ ဝမ်းရောဂါဖြစ်ပွားမှုမရှိသေးဘူး။ ဝိုင်းမော်ဘက်မှာ ဖြစ်နေသံတော့ကြားတယ်”ဟု ပြောသည်။

ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ပြီး မြစ်ကြီးနားမြို့အသို့ ဇွန်လ (၃၀) ရက် ညမှစတင်၍ ဝင်ရောက်ခဲ့ကာ ဇူလိုင်လ (၁) ရက် ညပိုင်းတွင် အမြင့်ဆုံး (၁,၄၀၆) စင်တီမီတာအထိမြင့်တက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ရေလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အောက်ကျဆင်းနေပြီဖြစ်သော်လည်း မြေနိမ့်ပိုင်းနေရာများတွင် ရေဝပ်နေဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here