ပို့ကုန်ဝင်ငွေအများဆုံးရရှိသည့် စက်မှုကုန်ချောတင်ပို့မှု ယခုဘဏ္ဍာနှစ်တွင်ကျဆင်း

0
301

၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဇွန်လ (၂၈)ရက်အထိ (၃)လနီးပါးကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၃၆၉ သန်း လျော့ကျနေကြောင်း သိရသည်။

ပြည်ပပို့ကုန်မှာ စက်မှုကုန်ချောဖြစ်သည့် ချုပ်ပြီးအထည်တင်ပို့မှုသည် ပထမ နေရာတွင်ရှိနေပြီး သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ စသည့်ပစ္စည်းများကို တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တင်ပို့နေခြင်းဖြစ်သည်။

အဆိုပါ ပို့ကုန်ကဏ္ဍ (၇) ခု အနက် စက်မှုကုန်ချောတင်ပို့မှုသည် ပို့ကုန်ဝင်ငွေ အများဆုံးရရှိနေခြင်း ဖြစ်ပြီး စုစုပေါင်း ပို့ကုန်၏ ၆၃ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here