ရန်ကုန်မြစ်အတွင်း သဗ္ဗာန်တိမ်းမှေ-ာက်မှုမှ ပျောက်ဆုံးနေသူ (၈)ဦးကို ယနေ့အထိ ပြန်ရှာမတွေ့သေး

0
111

ယမန်နေ့ ဇူလိုင်လ (၁၀) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှော-က်မှုမှ ပျောက်ဆုံးနေသည့် ကျောင်းသား(၃)ဦး အပါဝင် (၈)ဦးကို ယနေ့အထိ ပြန်ရှာမတွေ့သေးကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ဇူလိုင် (၁၀)ရက်၊ နံနက် (၈)နာရီဝန်းကျင်က ရန်ကုန်မြစ်အတွင်း၊ ဗားကရာဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးမှာ တွဲသင်္ဘောကို တိုက်မိပြီး တိမ်းမှော-က်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ရန်ကုန်မြစ်တွင်း စက်လှေမှောက်သွားတဲ့ အထဲပါသွားတာ အစ်ကိုက (၁၂) တန်း ညီမက (၆) တန်း အစ်ကိုက ရေကူးတက်တယ်။ ညီမန – စ်တာ ဆယ်ရင်း သူပါ ပါသွားတာ။ သူ့အမေဆို တော်တော်ရင်ကျိုးရပြီ။ သနားပါတယ်၊ အမြန်ဆုံးပြန်တွေ့ပါစေရှင်”ဟု ပျောက်ဆုံးနေသည့် ကျောင်းသားများ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် နယ်မြေခံ မီးသတ်တပ်ဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်လိုက်သော်လည်း ပျောက်ဆုံးသည့် မိသားစုဝင်များမှ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း သိရသည်။

အဆိုပါ သဗ္ဗာန်မှော-က်ပြီး ပျောက်ဆုံးနေသည့် (၈)ဦးတွင် ကျောင်းသား (၃)ဦးနှင့် ခရီးသည် (၅)ဦးပါရှိပြီး ၎င်းတို့မှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ငစင်နှင့် ဦးမြရွာဘက်မှ သိရပြီး လက်ရှိ သဗ္ဗာန်တိမ်းမှော-က်မှုနှင့် ပတ်သက်၍ လူပျောက်ဆုံးမှုရှိခြင်းကြောင့် ဂိတ်မှူးနှင့် စက်လှေမောင်းသူကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ခေါ်ဆောင်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here