ဖိလစ်ပိုင်မှာ နာရေးလိုက်ပို့တဲ့ကား ယာဉ်တိုက်မှုဖြစ်လို့ လူ ၁၁ ဦး ‌ေ-သဆုံး

0
444

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ နာရေးအခမ်းအနားတစ်ခုလိုက်ပို့ပြီး ပြန်လာသူတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးဟာ ဘတ်စ်ကားတစ်စီးနဲ့ တိုက်မိခဲ့တာကြောင့် နာရေးလိုက်ပို့သူ ၁၁ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့(ဇူလိုင် ၁၁) မှာ ပြောဆိုပါတယ်။

ကာဂါယန်ပြည်နယ် အဘူလပ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ယင်း ယာဉ်တိုက်မှုအတွင်း ဒဏ်ရာရသူ ၅ ဦးရှိခဲ့တယ်လို့လည်း ရဲချုပ် အန်တိုနီယို ပလက်တာအိုက ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဆိုင်ရာ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနဲ့ ကားလမ်းတွေ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်တွေနဲ့ပတ်သက်ပြီး အားနည်းချက်ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံအလယ်ပိုင်း အန်တီကွေပြည်နယ်မှာ ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့တာကြောင့် လူ ၁၇ ဦး ‌ေ-သဆုံးထားခဲ့တယ်လို့ သိရပါတယ်။

Ref: The Star


LEAVE A REPLY

Please enter your comment!
Please enter your name here