တံတားဦးမြို့နယ်တွင် မြစ်ရေဝင်လာ၍ မွေးမြူထားသော ကျွဲ၊ နွား များအား ရေလွတ်ရာ ကုန်းမြင့်များသို့ ပြောင်းရွှေ့ပေးနေရ

0
265

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြစ်ရေများ ဝင်ရောက်မှုကြောင့် တောင်သူများနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ကျွဲ၊ နွားတိရစ္ဆာန်များကို ရေလွတ်သည့် ကုန်းမြင့်များသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပြောင်းရွှေ့ရာတွင် မြေငူကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာတို့မှ ရေဘေးရှောင်စခန်း(၁)ခုတွင် နွားအကောင်(၁၀၀၀)၊ ပန်းယျကျေးရွာမှ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား (၁၅၀) ကောင်၊ အမှတ်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်း(၃)ခုတွင် နွား (၁၀)ကောင်၊ ငါးရာပြားကျေးရွာနှင့် ကျီးပင်ကျေးရွာတို့ရှိ ရေဘေးရှောင်စခန်း(၂)ခုတွင် နွား(၃၂၂)ကောင်၊ ဇီးပင်ကွေ့ကျေးရွာမှ ရေဘေးရှောင်စခန်း (၁)ခုတွင် နွား(၁၉၆) ကောင်၊ လက်ပန်ဇင်ကျေးရွာအုပ်စုရှိ ရေဘေးရှောင်စခန်း (၄)ခုတွင် နွား(၆၄၄)ကောင်၊ ဘလဲ့ဘကျေးရွာအုပ်စုမှ ရေ ဘေးရှောင်စခန်း(၅)ခုတွင် နွား(၅၇)ကောင်၊ တပယ်ကျေးရွာရှိ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား(၃၀၁)ကောင်၊ လက် ဆောင်ယူကျေးရွာအုပ်စုရှိ ရေဘေးရှောင်စခန်း(၅)ခုတွင် နွား(၁၇၀)ကောင်၊ ကူတိုးဆိတ်ကျေးရွာရှိ ရေဘေးရှောင်စခန်း(၁)ခုတွင် နွား(၁၄၆)ကောင်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေမှာ ယနေ့ ဇူလိုင် (၁၁)ရက်က မန္တလေးမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် (၁၂၆၀) စင်တီမီတာထက် ကျော်လွန်၍ (၁၃၀၈) စင်တီမီတာသို့ ရောက်ရှိနေရာ ရေကင်းစခန်း (၃) ခု ဖွင့်လှစ်ထားပြီး စောင့်ကြည့် စစ်ဆေးနေရကြောင်းလည်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မန္တလေးခရိုင်အတွင်းရှိ ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသော ညောင်ကွဲရေကင်း၊ သရက်တပင်ရေကင်းနှင့် ဂေါဝိန်နယ်မြေ မီးသတ်စခန်းရေကင်းတို့ကို ဖွင့်လှစ်ထားရှိကာ မြစ်ရေမြင့်တက်လာမှုအား စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း မန္တလေးမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here