ရုရှားနှင့်မြောက်ကိုရီးယားဆက်ဆံရေးက တိုကျိုနှင့်ဆိုးလ် ကို စိုးရိမ်စေ

0
222
South Korea's President Yoon Suk Yeol (R) shakes hands with Japan's Prime Minister Fumio Kishida during a joint news conference with China's Premier Li Qiang following their trilateral summit meeting in Seoul on May 27, 2024. (Photo by KIM HONG-JI / POOL / AFP)

ဆိုးလ်၊ဇူလိုင် ၁၁

တောင်ကိုရီးယားသမ္မတယွန်းနှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့သည် ရုရှားနှင့်မြောက်ကိုရီးယားတို့၏ ဆက်ဆံရေးတိုးမြင့်လာမှုကို စိုးရိမ်မကင်း ဖြစ်ကြောင်းထုတ်‌ဖော်ပြောကြားခဲ့ပြီး ၎င်းတို့၏ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုလည်းဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့သည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။

သုံးကြိမ်မြောက်ဆက်တိုက်ဆိုသလို နေတိုးထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် ခေါင်းဆောင်နှစ်ဦးသည် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်၌ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေး၏ပြင်ပ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရုရှားနှင့်မြောက်ကိုရီးယားတို့၏ စစ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် အရှေ့အာရှအတွက်သာမက တစ်ကမ္ဘာလုံး၏လုံခြုံရေးအတွက်ပါ စိုးရိမ်စရာဖြစ်ကြောင်းလည်း ယွန်းကပြောကြားခဲ့သည်။

ဆက်လက်၍ ယွန်းက ပြုံယမ်းနှင့်မော်စကို၏ တိုးတက်လာသောဆက်ဆံရေးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် ယမန်နှစ်က Camp David ၌ပြုလုပ်ခဲ့သည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ၏အရေးပါမှုကိုပါ မီးမောင်းထိုးပြနေပြီး ၎င်းတို့သုံးနိုင်ငံအကြား စစ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်းလည်းပြောကြားခဲ့သည်။

ဆိုးလ်နှင့်ဝါရှင်တန်တို့က ယူကရိန်းစစ်၌အသုံးပြုရန်အတွက် ရုရှားကို အမြောက်နှင့်ပဲ့ထိန်းဒုံးကျည်များကို မြောက်ကိုရီးယားကထောက်ပံ့ပေးနေကြောင်းစွပ်စွဲထားသော်လည်း မော်စကိုနှင့်ပြုံယမ်းတို့ကမူ အခိုင်အမာငြင်းဆိုထားသည်။

Source : ရိုက်တာ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here