သာကေတတွင် ယာဉ်နှစ်စီးတိုက်မိမှု ဖြစ်ပွားရာမှ ယာဉ်မောင်း အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများရ

0
94

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီး ၄၉ အစိမ်းဂိတ် မှတ်တိုင်အနီးတွင် ယာဉ်နှစ်စီးတိုက်မိမှု ဖြစ်ပွားရာမှ ယာဉ်မောင်း အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇူလိုင် (၁၁)ရက်၊ ည (၈)နာရီခွဲအချိန်ခန့်က အဆိုပါ နေရာတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားကြောင်း ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီရန် ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အသက်(၂၂)ဝန်းကျင်ခန့် ယာဉ်မောင်း အမျိုးသား တစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိနေရာ မြေပြင်ကုသမှုပေးကာ အာရောဂျသုခ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်နှစ်စီးလုံးမှာလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ယာဉ်လမ်းကြော မပိတ်စေရေး ကရိန်းကားဖြင့် သယ်ဆောင်ရှင်းလင်းခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here