ဆိပ်ဖြူတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံ ပညာ ကျောင်း(၄) ကျောင်း ယာယီ ပိတ်ထားရ

0
227

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာ (၄) ရွာ၌ အခြေခံပညာ မူလတန်းကျောင်း (၃)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၁)ကျောင်းတို့အား ယာယီ ပိတ်ထားရပြီး တာဝန်ရှိသူများမှ ရေကင်းများချကာ စောင့်ကြည့်နေရကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများအား ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းလုပ်ဆောင်နေရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးအန္တရာယ် ကင်းဝေးရေး ရေဘေးရှောင်စခန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကျေးရွာ/ရပ်ကွက်များအတွင်း မြစ်ရေ ဝင်ရောက်မှုများကို ဇူလိုင် (၁၁) ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်မှ ရေဘေးအန္တရာယ်ကင်းဝေးရေး ရေဘေးရှောင်စခန်းများအတွက် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ရေဘေးရှောင်စခန်းများ၌ သွားရောက် နေထိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရေဘေးအန္တ ရာယ် အသိပညာပေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ဒုတိယပတ်အတွက် မြစ်ရေ အခြေအနေ ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ထို့ကြောင့် အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနှင့် မကွေးမြို့များ၌မှာလည်း (၁) ပေခွဲမှ (၃) ပေခွဲခန့်၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ င်္ဟသာတနှင့် ဇလွန်မြို့မှာ (၄) ပေမှ (၆) ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်းလည်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here