နိုင်ငံရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်များ တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ သွားရောက်မည်

0
169

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီ တည်ဆောက်ပုံ ၊ ကျေးလက်ပါတီများ၏ အခြေအနေနှင့် တိုင်းရင်းသားများ၏ စီးပွားရေး အခန်းကဏ္ဍများအား သွားရောက်လေ့လာရန်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ခရီးစဉ်အား နိုင်ငံရေးပါတီအစုအဖွဲ့ခေါင်းဆောင်တာဝန်ယူထားကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ ပြည်သူ့ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့မှ ပါတီဥက္ကဋ္ဌများအပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်(၃)ဦးစီ တက်ရောက်ရန်ရှိကြောင်း သိရသည်။

ခရီးစဉ်အတွင်း ယူနန်မြို့ရှိ တိုင်းရင်းသားကျေးရွာများနှင့် တောင်အာရှ Exopo ပြပွဲသို့လည်း တက်ရောက်သွားရန်ရှိပြီး ဇူလိုင်လ(၂၀)ရက်မှ (၂၇)ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ် မည့်သည့်အချက်များ တွေ့ဆုံဆွေးနွေးကြမည်ဆိုသည့် ပေါ်ပြူလာနယူးစ်၏ မေးမြန်းချက်ကို ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ” အဲဒီဟာတော့ သူတို့ဘက်က ဘာတွေမေးမလဲ။ ဘာတွေဆွေးနွေးညှိနှိုင်းကြမှာလဲဆိုတဲ့အပေါ်မူတည်တယ်။ အဓိက ကတော့ဗျာ လက်ရှိအနေအထားရယ်၊ သူတို့ပါဝင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေပေါ့။နောက်ဆုံး ရှမ်းမြောက်စစ်ဆင်ရေးအထိ သူတို့ရဲ့သဘောထားတွေ ရပ်တည်ချက်လေးတွေ ပါကောင်း ပါနိုင်တာပေါ့”ဟု ပြောသည်။

ပြီးခဲ့‌သည့် ဇွန် (၂၇) ရက်မှ ဇွန် (၃၀) ရက်အထိ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ လေးရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇူလိုင် (၆) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း တရုတ်နိုင်ငံသို့ သွားရောက်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here