ရိုးရာလက်ဝှေ့ကျော် ထွန်းမင်းအောင်က ဗီယက်နမ်ဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့်အနိုင်ရပြီး ဘတ်သုံးသိန်းခွဲ ဘောနပ်စ်ရရှိ

0
93

ထိုင်းနိုင်ငံတွင် ဇူလိုင်(၁၂)ရက်ပိုင်းက ONE က ကျင်းပြုလုပ်သည့် ONE Firday Fights 70 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာထွန်းမင်းအောင်က ဗီယက်နမ်ဖိုက်တာ ထရန်ကွပ်တွမ်ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိသွားကာ ဘတ်သုံးသိန်းခွဲ ဘောနပ်စ်ကိုလည်းပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဥ်ကို သုံးချီ ယှဥ်ပြိုင်ထိုးသ-တ်ခဲ့ရာ တတိယအချီ၌ ထွန်းမင်းအောင်၏ တံတောင်ရိုက်ချက်ကြောင့် ဗီယက်နမ်ဖိုက်တာအား ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ONE၏ ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့မှုအပေါ် ထွန်းမင်းအောင်က အနိုင်ရလဒ်ဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။

ထွန်းမင်းအောင်သည် ပြီးခဲ့သော မေ(၃၁)ရက်က ONE က ပြုလုပ်သည့် ONE Lumpinee (65) ပွဲစဉ်တွင် ရုရှားဖိုက်တာ ကီရိယက်ဖ်အား အမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

ယခု ၎င်းနှင့် ထိုးသ-တ်ခဲ့သည့် ဗီယက်နမ် မွေထိုင်းချန်ပီယံ ဖိုက်တာမှာ အသက် (၂၈)နှစ်အရွယ်ရှိပြီး ကိုယ်အလေးချိန် 149.91lbs /68kg ၊အရပ် 5’6” 170cm ရှိကာ One Fight Record အရ (၁)ကစား (၁)ပွဲအလဲထိုးအနိုင်ရရှိထားပြီး, ဗီယက်နမ်နိုင်ငံ WBC မွေထိုင်းချန်ပီယံခါးပါတ် ရရှိထားသူတစ်ဦးဖြစ်သည်။

ထွန်းမင်းအောင်မှာ အသက် (၁၈)နှစ်အရွယ်ရှိပြီး အရပ် 5’11” 182cm ၊ One Fight Record အရ (၁)ပွဲကစား (၁)ပွဲအမှတ်ဖြင့် ရှုံးထားပြီး ၊ မြန်မာပြည်အတွင်း ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရှုံးပွဲမရှိ‌သေးသည့်
လူငယ်မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here