ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဆောင်ရွက်ရေး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံဆွေးနွေး

0
244

မြန်မာနှင့် သီရိလင်္ကာ နိုင်ငံတို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇူလိုင် (၁၁) ရက်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachchige Praba shini Ponnamperuma အား နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ MSME အထောက်အကူပြု အသုံးချသုတေသနပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်တက္ကသိုလ်များ ထူထောင်ရေး၊ ပုဂ္ဂလိကတက္ကသိုလ်များ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here