Black Lists တွင်ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်းများအားဖြေလျှော့ပေးမည်ဟု နစက ပြော

0
184

နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရဘဲ လုပ်ငန်းခွင် စွန့်ခွာသွားကြသည့် အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေသူများအား ဖြေ လျှော့ပေးမည် ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေသူများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျက်ရှိသည်ဟုလည်း ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ နစ်နာမှုများအား ကုစားပေးနိုင်ရန်အလိုငှာ ယင်းဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ဖြေလျှော့ပေးမည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ဇူလိုင် (၁၅) ရက်မှ စတင်၍ အဆိုပါဝန်ထမ်းများသည် မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ကြရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here