ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များအား တိုက်ခိုက်ခြင်း ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးရန် ယူကရိန်းက နေတိုးအဖွဲ့ကို တောင်းဆို

0
307
NATO leaders attend the NATO-Ukraine Council during the NATO 75th anniversary summit at the Walter E. Washington Convention Center in Washington, DC, on July 11, 2024. (Photo by Ludovic MARIN / AFP)

ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တာဝေးပစ်လက်နက်တွေအသုံးပြုတိုက်ခိုက်ခြင်းအား ကန့်သတ်ထားမှုကို ဖယ်ရှားပေးဖို့ ယူကရိန်းက နေတိုးမဟာမိတ်အဖွဲ့ကို တောင်းဆိုခဲ့ပြီး ဒီလိုတိုက်ခိုက်လာနိုင်ရင် မော်စကိုနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲဟာ အလှည့်အပြောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

နေတိုးအဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကာ အကူအညီတွေ ထပ်မံပေးပို့သွားဖို့နဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ခိုင်မာသောလမ်းခင်းပေးဖို့ ထောက်ခံမယ်လို့ ကတိပြုခဲ့ကြပါတယ်။

မဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းအပေါ် ၎င်းတို့ရဲ့ စုစည်းညီညွတ်တဲ့ ထောက်ခံမှုကို ထိန်းသိမ်းထားရေး ဇလန်းစကီးက တောင်းဆိုခဲ့ပြီး အကူအညီသစ်တွေ အဆောတလျင်ပို့ဆောင်ပေးရေး ပြောဆိုခဲ့ပါတယ်။

မိမိတို့ အနိုင်ရချင်တယ်၊ အောင်နိုင်ချင်တယ်၊ မိမိတို့နိုင်ငံကို ကယ်တင် ကာကွယ်ချင်တယ်ဆိုပါက ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားပေးဖို့လိုကြောင်း သူက ပြောဆိုသွားပါတယ်။

ရုရှားဟာ သူ့လက်နက်တွေ အသုံးပြုမှုကို အကန့်အသတ်မထားကြောင်း ဇလန်စကီးရဲ့ အစိုးရဝန်ကြီးအဖွဲ့အကြီးအကဲ အန်ဒရိုင်း ယာမတ်က ပြည့်သူ့ဖိုရမ်တစ်ခုမှာ ပြောဆိုပါတယ်။

ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ သူတို့ရဲ့လက်နက်တွေနဲ့ပတ်သက်ပြီး အကန့်အသတ်အားလုံးကို ယူကရိန်း မဟာမိတ်တွေက ဖယ်ရှားပေးမယ်ဆိုရင် တကယ်ပဲ အလှည့်အပြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံအတွင်း ရုရှားစစ်ဆင်ရေးတွေကို ပံ့ပိုးပေးနေတဲ့ နယ်စပ်အတွင်းက ပစ်မှတ်တွေလောက်ကိုသာ တိုက်ခိုက်ခွင့်ပြုထားတာဖြစ်ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here