ကျောက်မဲတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခြင်းမရှိသည့် ဒေသခံအချို့ ထမင်းငတ်သည်အထိအခက်အခဲကြုံနေ

0
164

ကျောက်မဲတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခြင်းမရှိသည့် ဒေသခံအချို့ ထမင်းငတ်သည်အထိအခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံတစ်ကိုယ်တော် စစ်ရှောင်အရေးဆောင်ရွက်ပေးသူနေသူ တစ်ဦးထံမှသိရသည်။

အဆိုပါ ဒေသခံစစ်ရှောင်များမှာ လူမမာသက်ကြီးရွယ်အိုများအပါအဝင် စစ်ရှောင်ရန် လမ်းစရိတ်မတတ်နိုင်သဖြင့် နေရပ်တွင် ကျန်ရှိနေသူများဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဘယ်လောက်ထိ ပြည်သူတွေဘ၀ ဒုက္ခပင်လယ်ဝေနေကြပြီလည်းဆိုတာ ထမင်း ငတ်တဲ့အထိပါဘဲဗျာ။ စစ်ဘေးရှောင်ဖို့ ဆိုလည်း လူမမာသက်ကြီးရွယ်အိုတွေနဲ့ သူများတွေလို ကားငှားပြီးသွားဖို့လည်းငွေကြေးမရှိ ကူညီထောက်ပံ့ရေးတွေလည်း သူတို့နေရာကိုသွားဖို့ အခက်ခဲဖြစ် အိမ်ထောင်စု(၁၀)စုကျော် ထမင်းငတ်နေတဲ့ဘဝ။ ကျွန်တော်သိတာနဲ့ချက်ချင်းသွားပြီး ကူညီထောက်ပံ့လှူပေးခဲ့ပါတယ်။ ဒီလိုမိသားစုတွေဘယ်လောက်များရှိဦးမလဲ ဘဝတွေလည်းဆိုးလှပါပြီ။အမြန်ဆုံးအေးချမ်းစေချင်ပြီဗျာ”ဟု ၎င်းက ဆိုသည်။

၎င်းအနေဖြင့် ဇူလိုင်(၁၂) ရက်မှစတင်ကာ ကျောက်မဲမြို့တွင်းရှိ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေသည့် ရပ်ကွက်များအတွင်းရှိ ဒေသခံများကို ရှာဖွေ၍ ကူညီထောက်ပံ့မှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇွန်(၂၅)ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှစတင်ဖြစ်ပွားခဲ့‌ရသည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ လားရှိုးမြို့များရှိ ဒေသခံ သိန်းနှင့်ချီ၍ မြို့များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရသည့်အ‌ခြေအနေဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here