ထရမ့်ကို သေနတ်ဖြင့်ပစ်သည်ဟု သံသယရှိသူအား အသေဖမ်းမိ

0
201

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည်ဟု သံသယရှိသူတစ်ဦးအား လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပင်ဆယ်ဗေးနီးယားပြည်နယ် လူထုဟောပြောပွဲတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခြင်းခံရခြင်းဖြစ်သည်။

“ပေါက်ကွဲသံနဲ့အတူ ဝှီခနဲအသံတစ်ခုကြားလိုက်ရပြီး ကျွန်တော့် ညာဖက်နားရွက်အပေါ်ဖျားကို တစ်ခုခုထိမှန်သွားတာ ခံစားလိုက်ရပါတယ်။ ရုတ်တရက်ဆိုတော့ မီးရှုးမီးပန်းဖေါက်တာများလားလို့ ကျွန်တော် ထင်လိုက်မိသေးတာ။ နားရွက်ကနေ သွေးတော့ တော်တော်ထွက်လာတယ်ဗျ”ဟု ထရမ့်ကပြောသည်။

သို့ရာတွင် သူ၏အခြေအနေသည် စိုးရိမ်စရာမရှိပဲ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

စင်ပေါ်တွင် သူဟောပြောနေစဉ် ကျယ်လောင်သော သေနတ်သံကြားလိုက်ရပြီးနောက် စင်ပေါ်မှကျသွားခဲ့သော်လည်း၊ သက်တော်စောင့်များအကူအညီဖြင့် ပြန်လည်မတ်တပ်ရပ်လာပြီးနောက် လက်သီးဆုပ်ပြခဲ့သည်။ ထို့နောက် သက်တော်စောင့်များခြံရံ၍ စင်ပေါ်မှ ဆင်းသွားခဲ့ကြောင်းသိရသည်။

စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here