ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်နေဟု တရုတ် ပြောဆို

0
440

နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတလျှောက်မှာ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်နေတယ်လို့ တရုတ်က သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဝါရှင်တန်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်း ကာကွယ်ရေးမဟာမိတ်အဖွဲ့ အစည်းအဝေးအပြီး အခု စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လိုက်တာလည်းဖြစ်ပြီး ပေကျင်းနဲ့ မော်စကို ဆက်ဆံရေးအားကောင်းလာမှုရဲ့ ခြိမ်းခြောက်မှုကြီးထွားလာခြင်းကို ဂျပန်က သတိပေးခဲ့ပါတယ်။ 

ဒီသတိပေးချက်တွေဟာ တာဝန်မဲ့ပြီး ရန်လိုတဲ့ပြောဆိုချက်ဖြစ်တယ်လို့ ပေကျင်းက ပယ်ချခဲ့ပါတယ်။ ဇူလိုင်လအစောပိုင်းကနေ လလယ်ပိုင်းအထိ လုပ်ဆောင်မယ့် Joint Sea-2024 လို့ အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုကို နှစ်နိုင်ငံစစ်တပ်တွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တောင်ပိုင်း ကွမ်တုံပြည်နယ် Zhanjing မြို့တစ်ဝိုက် ဝေဟင်နဲ့ ရေပြင်တွေမှာ ဆောင်ရွက်နေတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ပင်လယ်ရေကြောင်း လုံခြုံရေးခြိမ်းခြောက်မှုတွေကို ပူးတွဲဖြေရှင်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရာမှာ နှစ်နိုင်ငံ သန္နိဋ္ဌာန်နဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ ရည်ရွယ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်မှုဟာ ခေတ်သစ်အတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို အနာဂတ်မှာ ပိုမိုနက်ရှိုင်းစေလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။

Ref: HKFP


LEAVE A REPLY

Please enter your comment!
Please enter your name here