ထိုင်းတွင် မြန်မာအပါအဝင် ၈နိုင်ငံက ရာမာယဏကပြ၊ ယနေ့နေ့လည်တွင် Icon Hall တွင် ဖျော်ဖြေမည်

0
146

အိန္ဒိယ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းစသည့် နိုင်ငံ ရှစ်နိုင်ငံမှ ရာမာယဏ ပွဲတော်၏ ဖျော်ဖြေတင်ဆက်မှုကို စနေနေ့ ညနေပိုင်းက ဘန်ကောက်၊ စနမ်လွမ်တွင်ကျင်းပခဲ့သည်။

အဆိုပါပွဲချိန်တွင်ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်နားခဲ့ရသည်။

နိုင်ငံတကာမှ ဖျော်ဖြေတင်ဆက်သူများ ဝတ်ဆင်ထားသည့် ၀တ်စုံများ မိုးစိုမည်ကို ပွဲစီစဉ်သူများက မစွန့်စားနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

ပွဲကြည့်ပရိသတ်များကမူ ယခုအခြေအနေသည် မိုးရာသီဖြစ်သောကြောင့် အစကတည်းက ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု ပွဲစီစဉ်မူကို ဝေဖန်ကြသည်။

ဤဖျော်ဖြေပွဲသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့၌ ကျရောက်မည့်ဘုရင်မင်းမြတ်၏ ၇၂ နှစ်မြောက် မွေးနေ့အတွက် ကြီးကျယ်ခမ်းနားသော အခမ်းအနားများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့်လိုက်ပါသွားသည့် မန္တလေးမှ ဝီရိယမင်းသား ဝင်းနောင် က ယနေ့ နေ့လည် Siam Icon ရှိ True Icon Hall တွင်ဖျော်ဖြေမှာဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်သို့ပြောကြားခဲ့သည်။

Ref: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here