ဂါဇာစစ်ပွဲ ဆက်ဖြစ်နေမှုအတွက် ဟားမတ်စ်အဖွဲ့ကို ပါလက်စတိုင်း သမ္မတ အပြစ်တင်

0
120

ဂါဇာကမ်းမြောင်မှာ စနေနေ့(ဇူလိုင် ၁၃) က လူဒါဇင်များစွာ ‌ေ-သဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် အစ္စရေးနဲ့ အမေရိကန်တို့ တာဝန်ယူရမှာဖြစ်ကြောင်း ပါလက်စတိုင်း သမ္မတ မာမွတ်အဘားစ်က ပြောဆိုပါတယ်။ သို့ပေမယ့် အနောက်တိုင်းထောက်ခံ သမ္မတဟာ ဂါဇာမှာ ဆက်ဖြစ်နေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့ကိုလည်း အပြစ်တင်သွားခဲ့ပါတယ်။

သူ့ရဲ့ မှတ်ချက်တွေအရ အဘားစ်ရဲ့ ဖာတာအဖွဲ့နဲ့ ပါလက်စတိုင်းသမ္မတဟာ အစ္စရေးဘက်ပါနေတယ်လို့ စွပ်စွဲထားတဲ့ အစ္စလာမ်မစ် ဟားမတ်စ်အုပ်စုအကြား တင်းမာမှုတွေ မြင့်တက်နေတယ်ဆိုတာ ပြသပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ဟားမတ်စ် စစ်ဦးစီးချုပ် မိုဟာမက် ဒိုင်ယက်နဲ့ သူ့လက်ထောက်တို့ကို သ – တ်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ အစ္စရေးက ပြောဆိုပါတယ်။ ဂါဇာ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ အဆိုအရ ပါလက်စတိုင်း ၉၀ ခန့်‌ေ-သဆုံးကာ ၃၀၀ ခန့် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ ယင်း တိုက်ခိုက်မှုအတွင်း ဒိုင်ယက်နဲ့ သူ့လက်ထောက်တို့ ‌ေ-သဆုံးခဲ့သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ပါလက်စတိုင်း သမ္မတက ဒီသ–တ်မှုတွေကို ရှုတ်ချလိုက်ပြီး အစ္စရေးအစိုးရမှာ တာဝန်ရှိသလို အစ္စရေးကို ပံ့ပိုးမှု အမျိုးမျိုးပေးထားတဲ့ အမေရိကန်မှာလည်း တာဝန်ရှိတယ်လို့ အဘားစ်က ပြောဆိုကြောင်း သူ့ရဲ့ ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

သို့ပေမယ့် အစ္စရေးသိမ်းပိုင်ထားတဲ့ အနောက်ဘက်ကမ်း ဝက်စ်ဘန့်မှာ ကန့်သတ်ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အခွင့်အာဏာကို ထိန်းသိမ်းထားတဲ့ အဘားစ်က လူ ၁၂၀၀ ‌ေ-သဆုံးကာ ၂၅၀ ဝန်းကျင် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဂါဇာစစ်ပွဲကို စတင်ပေါ်ပေါက်စေခဲ့တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော ဟားမတ်စ်အဖွဲ့ကိုလည်း အပြစ်တင်မှုတွေလုပ်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ ဂျီနိုဆိုက်စစ်ပွဲ ဆက်ဖြစ်နေမှုမှာ ဟားမတ်စ်အဖွဲ့က တရားဥပဒေ၊ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးတာဝန်တွေအရ တွဲဖက်တာဝန်ရှိတယ်လို့ အဘားစ်က ပြောဆိုခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာ အဘားစ်ရဲ့ သစ္စာခံတွေထံက ကမ်းရိုးတန်းနယ်မြေကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းကစလို့ ဂါဇာကို အုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။

Ref: Mint


LEAVE A REPLY

Please enter your comment!
Please enter your name here