ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူနာတင်ယာဉ်အား (၂၄)နာရီ အကူအညီတောင်းခံနိုင်

0
153

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိရာ အဆိုပါရောဂါဖြစ်ပွားပါက မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူနာတင် ယာဉ်များအား (၂၄)နာရီ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် အရေးပေါ်ဆေးကုသမှု ခံယူရန် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများတွင် ကြက်ခြေနီလူနာတင်ယာဉ်များဖြင့် အကူအညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ အသိပညာပေးလုပ်ငန်းများ၊ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများနှင့် လိုအပ်သည်များကို ပါဝင်ကူညီလျှက်ရှိကာ ကြက်ခြေနီလူနာတင်ယာဉ် အကူအညီလိုအပ်ပါကလည်း ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ (၂၄)နာရီ ဆက်သွယ်အကူအညီ တောင်းခံနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အကူအညီတောင်းခံလိုသူများအနေဖြင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ -၀၉၄၂၁၁၀၉၆၉၇, ၀၉၇၉၉၃၁၆၃၃၁၊ သာကေတမြို့နယ် – ၀၉၄၄၉၂၄၉၆၅၇၊ ဒေါပုံမြို့နယ် – ၀၉၄၄၂၅၂ ၇၈၁၆၊ ပုဇွန်တောင်မြို့နယ် – ၀၉၇၇၈၉၄၄၅၈၂၊ မင်္ဂလာတောင်ညွန့်မြို့နယ် – ၀၉၄၂၀၁၅၈၂၀၀၊ အင်းစိန်မြို့နယ် – ၀၉၂၅၀၂၉၁၁၀၀ တို့ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here