ထရန့်မဲဆွယ်ပွဲ ပစ်ခတ်မှုဖြစ်စဉ်အပြီး နာရီပိုင်းအကြာမှာပဲ တရုတ်မှာ ယင်းဖြစ်စဉ်အမှတ်တရ တီရှပ်တွေ ထုတ်ရောင်း

0
318

ပင်ဆယ်ဗေးနီးယား မဲဆွယ်စည်းရုံးပွဲအတွင်း အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး နှစ်နာခန့်အကြာမှာပဲ တရုတ်နိုင်ငံ အွန်လိုင်းလက်လီအရောင်းဆိုင်တွေက ယင်းဖြစ်စဉ်အမှတ်တရ တီရှပ်တွေ ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။

သမ္မတဟောင်း လုပ်ကြံမှုမှ လွတ်မြောက်သွားတဲ့ အခိုက်အတန့်ဖြစ်ရပ်ပုံတွေကို တီရှပ်တွေမှာ ရိုက်နှိပ်ထားတာတွေ့ရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်သတင်းတွေကြားသိရပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံက နာမည်ကျော် e-commerce ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Taobao ပေါ်မှာ တီရှပ်တွေကို အရောင်းတင်ခဲ့တယ်လို့ Taobao အရောင်းသမတစ်ဦးဖြစ်တဲ့ လီကျင်းဝေက ပြောဆိုပါတယ်။ ဒီလိုတီရှပ်မျိုးတွေ ရိုက်နှိပ်ရောင်းချဖူးခြင်း မရှိပေမယ့် သုံးနာရီလောက်အတွင်းမှာပဲ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးမှ မှာယူမှု ၂၀၀၀ ကျော်ရှိခဲ့တယ်လို့ သူမက ပြောဆိုပါတယ်။ Taobao ကို အလီဘာဘာက ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒီနှစ်အတွက် အမေရိကန်ရွေးကောက်ပွဲမှာတော့ အနိုင်ရနိုင်ခြေပိုမြင့်မားသူဖြစ်ကာ တရုတ် အွန်လိုင်းအသုံးပြုသူတွေကြားမှာလည်း ထရန့်ဟာ ရေပန်းစားတဲ့ သူဖြစ်တယ်လို့လည်း လီက ပြောဆိုပါတယ်။

ကွမ်တုံအခြေစိုက် Xinflying Digital Printing Production ကို ပူးတွဲတည်ထောင်သူ Alleh Yao ရဲ့ အဆိုအရ ရွေးကောက်ပွဲနဲ့ မဲဆွယ်ပွဲပုံစံ စိတ်ကြိုက်တီရှပ် ဝယ်လိုအားဟာ အမေရိကန်ဈေးကွက်မှာ အတော်အားကောင်းနေတယ်လို့ ဆိုပါတယ်။

Yao ဟာ ယခုနှစ်အစောပိုင်းက ကယ်လီဖိုးနီးယားမှာ စက်ရုံသစ်တစ်ခုထပ်ဖွင့်ခဲ့ပြီး တစ်နေ့ကို တီရှပ် ၃၀၀၀ ခန့် ထုတ်လုပ်ရောင်းချရကြောင်းနဲ့ နောက်လမှာ တစ်နေ့ အတည် ၈၀၀၀ လောက်အထိ တိုးမြှင့်ရောင်းချရမယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုပါတယ်။

ဒီဂျစ်တယ်ပုံနှိပ်စက်တွေဟာ တစ်နာရီကို ၂၇ စတုရန်းမီတာ သို့မဟုတ် ရွေးကောက်ပွဲဆက်စပ် တီရှပ် ၈ ထည်အထိ ပုံနှိပ်ရိုက်ထုတ်နိုင်ပြီး ကယ်လီဖိုးနီးယားမှာ ချက်ချင်း အရောင်းတင်နိုင်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

“ဝယ်လိုအားက အရမ်းကောင်းပါတယ်၊ ကျွန်တော်တို့ လုံလောက်အောင် မထုတ်နိုင်သေးပါဘူး” လို့ သူက ဆိုခဲ့ပါတယ်။

Times of India


LEAVE A REPLY

Please enter your comment!
Please enter your name here