ကမ္ဘောဒီးယား စစ်ရဟတ်ယာဉ်တစ်စင်း ပျ-က်-ကျခဲ့ပြီး ရဟတ်ယာဉ်မှူးနဲ့ တွဲဖက်ရဟတ်ယာဉ်မှူးတို့ ပျောက်ဆုံးနေ

0
454

ကမ္ဘောဒီးယားနိုင်ငံ Cardamon တောင်တန်းဒေသမှာ စစ်ရဟတ်ယာဉ်တစ်စင်း ပျ-က်-ကျခဲ့ပြီး ရဟတ်ယာဉ်မှူးနဲ့ တွဲဖက်ရဟတ်ယာဉ်မှူးဖြစ်သူတို့ ပျောက်ဆုံးနေတယ်လို့ အမျိုးသားကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး တီးဆိုင်ဟာက အတည်ပြုခဲ့ကာ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ တပ်ရဲဋ္ဌာန ၃၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအတွင်း ဗိုလ်ချုပ်ကြီး ဆိုင်ဟာက ယင်းသို့ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်ရေးနဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအတွက် ဝန်ကြီးဋ္ဌာနဟာ နေ့စဉ် ရဟတ်ယာဉ်ပျံသန်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ပျ-က်-ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ မြို့တော် ဖနွမ်ပင်ကနေ Thmar Da ကို လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွက် ပျံသန်းခဲ့တာလို့ သူက ပြောဆိုခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ စစ်သည်တွေဟာ အတွေ့အကြုံရင့် ရဟတ်ယာဉ်မှူးနဲ့ တွဲဖက်ရယာဉ်မှူးတို့ဖြစ်ပြီး သူတို့ဟာ လေတပ်ဋ္ဌာနချုပ်က သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ပျံသန်းခဲ့တာဖြစ်တယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ ကံမကောင်းစွာပဲ ပျံသန်းတဲ့နေ့မှာ ရာသီဥတုအခြေအနေ ဆိုးဝါးခဲ့တာကြောင့် အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့ကြောင်းနဲ့ ရှာဖွေကယ်ဆယ်မှုလုပ်ငန်းစဉ်တွေလုပ်ဆောင်နေတာ အခုဆိုရင် နှစ်ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆိုင်းဟာက ပြောဆိုခဲ့ပါတယ်။

Ref: Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here