နီပေါမှာ မြစ်ထဲမျောပါသွားသောဘတ်စ်ကားနဲ့အတူ ပျောက်ဆုံးလျက်ရှိသူ ၅၅ ဦး အသက်ရှင်စရာ မျှော်လင့်ချက် ကင်းမဲ့ခဲ့ပြီဟု ဆို

0
199
Rescuers search for survivors in river Trishuli in Simaltar on July 12, 2024, at the site of a landslide. - At least 63 people were missing in Nepal on July 12 after a landslide triggered by heavy monsoon rains swept two buses off a highway and into a river, authorities said. (Photo by RAJESH GHIMIRE / AFP)

နီပေါနိုင်ငံမှာ ဇူလိုင် ၁၂ ရက်က မြေ-ပြိုမှုဖြစ်စဉ်အတွင်း လူ ၆၅ ဦး ပါဝင်တဲ့ ခရီးသည်တင် ဘတ်စ်ကားနှစ်စီး ရေကြီးနေတဲ့ မြစ်ချောင်းအတွင်း မျောပါသွားခဲ့တဲ့ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူ ရှာတွေ့နိုင်တဲ့အခွင့်အလမ်း ကုန်သွားပြီလို့ ကယ်ဆယ်ရေးသမားတွေက ကောက်ချက်ချလိုက်ကြကြောင်း အာဏာပိုင်တွေက ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရာနဲ့ချီတဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ဖြစ်စဉ်ဖြစ်ပြီးနောက် ၇၂ နာရီကျော်ကြာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ ဘတ်စ်ကားတွေနဲ့ ခရီးသည် ၅၅ ဦးတို့ ရှိရာနေရာကို တွေ့ရှိနိုင်ဖို့ ဇူလိုင် ၁၅ ရက်အစောပိုင်းမှာ ရှာဖွေမှုလုပ်ငန်းစဉ်တွေ ပြန်စခဲ့ကြပါတယ်။

ရှာဖွေရေးသမားတွေဟာ မြို့တော် ခတ္တမန္ဒူရဲ့ အနောက်ဘက် ၈၆ ကီလိုမီတာရှိ ချစ်ဝမ်ခရိုင်မှ အခင်းဖြစ်နေရာမှာ ပိုက်စိပ်တိုက်ရှာဖွေမှုတွေလုပ်ခဲ့ကြပြီး ဇူလိုင် ၁၅ ရက်မှာ ထပ်တွေ့ခဲ့တဲ့ အလေ-ာင်း ၂ လော-င်း အပါအဝင် လက်ရှိအထိ ရုပ်အလေ-ာင်း ၇ လောင်-းသာတွေ့ရှိသေးတာဖြစ်ပါတယ်။

“အသက်ရှင်လျက် ရှာတွေ့နိုင်တဲ့ အခွင့်အရေးတော့ မရှိတော့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ရုပ်အလော-င်းတွေ ပြန်ရရေးကိုပဲ အဓိကအာရုံစိုက်နေပါတယ်” လို့ ချစ်ဝမ်ခရိုင် အကြီးတန်းရဲအရာရှိ ဘီဟက်ရှ် ရာ့ရီဂျာက ပြောဆိုပါတယ်။

ရှာဖွေရေးနေရာမှာ စုရုံးရောက်ရှိနေကြတဲ့ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာလည်း သူတို့ချစ်ခင်ရသူတွေ အသက်ရှင်လျက် ရှာတွေ့နိုင်မယ့် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြပြီလို့ အရာရှိတွေတစ်ဦးက ပြောဆိုပါတယ်။

“အနည်းဆုံးတော့ ရုပ်အလေ-ာင်းတွေ ပြန်တွေ့အောင်ရှာပေးကြဖို့ သူတို့က ကျွန်တော်တို့ကို တောင်းဆိုပါတယ်၊ မြင်ကွင်းကတော့ စိတ်မချမ်းမြေ့စရာပါပဲ” လို့ ခရိုင်အစိုးရ အရာရှိတစ်ဦးဖြစ်တဲ့ ခီမန်နန်ဒါ ဘူဆယ်က ပြောဆိုပါတယ်။

နီပေါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားလျက်ရှိနေပြီး ဇွန်လလယ်ကစလို့ ယင်းဖြစ်စဉ်များအတွင်း ‌ေ-သဆုံးရသူ ၁၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

Ref: Asia One


LEAVE A REPLY

Please enter your comment!
Please enter your name here