ချင်းတွင်းမြစ်ရေကျဆင်း၍ ဟုမ္မလင်းမြို့တွင် သန့်ရှင်းရေးများဆောင်ရွက်

0
113

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေ ကျဆင်းသွားပြီဖြစ်သည့်အတွက် မြို့ပေါ်ရပ်ကွက်များ၊ ကားလမ်း၊ စျေး၊ ကျေးရွာ စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ဇူလိုင် (၁၅)ရက် နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းတွင် သန့်ရှင်သာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း အမက(၁) ကျောင်းဝင်းတွင် ရေစုတ်ထုတ်ခြင်း၊ ရေတွင်း၊ ရေကန်နှင့် လှောင်ကန်များကို ကလိုရင်းဆေးခတ်ခြင်း၊ အမှိုက်နှင့် ရေဆိုးရေညစ်များ၊ နုံးနှင့်ရွံ့မြေများသန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲလိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အလားတူ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာတွင် ဇူလိုင် (၁၃)ရက်က ပြန်လည်ထူထောင်ရေးလုပ်ငန်းဆပ်ကော်မတီဝင်များက ကက်သာကျေးရွာရှိ အဓိကလမ်း မကြီးများ၊ စျေး၊ အထက(ကက်သာ) ကျောင်းဝင်းတွင် သစ်ပင်များ၊ ခုတ်ထွင်ရှင်းခြင်း၊ အမှိုက်နှင့် ရေဆိုးရေညစ်များ၊ နုံးနှင့်ရွံ့မြေ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေကျဆင်းမှုကြောင့်၊ ဟုမ္မလင်းခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မီမှကြီးမှူး၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဥ်ဖြင့် အခြေခံကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိပြီး ဟုမ္မလင်းရပ်ကွက်ရှိ အများပြည်သူနှင့် သက်ဆိုင်သော အဓိကလမ်းမကြီးများ မြို့မစျေး၊ အားကစားရုံ၊ အားကစားကွင်း သောက်သုံးရေရယူသည့် ဘုရားကုန်းဆင်းပတ်ဝန်းကျင်၊ ကားဂိတ်၊ ရေဆိပ်များ၊ ဘုန်းကြီးကျောင်းများ၊ အဓိကျသောရေနုတ် မြောင်းများ၊ အမှိုက်နှင့် ရေဆိုးရေညစ်များ၊နုံးနှင့်ရွံ့များ၊ လူနှင့်ပတ်ဝန်းကျင်ကို သဘာဝဘေးဒုက္ခဖြစ်သော အရာများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here