နေပြည်တော် – ရန်ကုန်အမြန်လမ်းမကြီးတွင် ရပ်ထားသော Light Truck ယာဉ်အား Nissan Condo ယာဉ်မှ ဝင်ရောက်တိုက်မိ၊ အမျိုးသား (၁)ဦး အသက်ဆုံးရှုံး၊ လူ (၈)ဦး ထိခိုက်ဒဏ်ရာရ၊ (၅)ဦးမှာ စိုးရိမ်ရ

0
601

နေပြည်တော် – ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၁)နှင့် (၇၈/၂)ကြားတွင် ရပ်ထားသော Light Truck ယာဉ်(၁)စီးအား Nissan Condo ယာဉ်မှ ဝင်ရောက်တိုက်မိရာ အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ပြီး လူ (၈)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ (၅)ဦးမှာ စိုးရိမ်ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် (၁၆)ရက်၊ နံနက် (၄) နာရီ (၅၀)မိနစ်အချိန်ခန့်က အခင်းဖြစ်ပွားရာ နေရာတွင် ရပ်တန့်ထားသော (Light Truck) အမျိုးအစား ယာဉ်(၁)စီးအား Nissan Condo အမျိုးအစား ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရပ်တန့်ထားသော (Light Truck)အမျိုးအစား ယာဉ်ပေါ်ပါ အမျိုးသား (၁)ဉီး အသက်ဆုံးရှုံးခဲ့ရပြီး၊ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ ရခဲ့ကြောင်း သိရသည်။

ထို့အပြင် Nissan Condo အမျိုးအစား ယာဉ်ပေါ်ပါ အမျိုးသား (၂)ဉီးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ရခဲ့ပြီး ၎င်းတို့အား ၁၉၂ သူနာတင်ယာဉ်နှင့် မြို့ချောင်းလူမှုကူညီရေးသူနာတင်ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here