(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် အသိပေး

0
124

၂ဝ၂၄ ခုနှစ်၊ ဇူလိုင် (၁၉) ရက် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် အသိပေးထုတ်ပြန်ထားသည်။

အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်း မေတ္တာရပ်ခံပန်ကြားထားသည်။

ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်းနှင့် လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်၊သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန် အသိပေးထားသည်။

အလားတူ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းဆုံတို့တွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း (၁၀) မျိုး စစ်ဆေးခြင်း၊ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာရန်၊ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/ Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝ န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်၊ ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့်အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပေးချက်၊ သတိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်၊သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်း မပြုရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုရန်ကိုလည်း အသိပေးထားသည်။

ပုံစာ-၇၆ နှစ်ပြည့်အာဇာနည်နေ့ အတွင်းဝန်ရုံးအလံတင်အခမ်းအနား


LEAVE A REPLY

Please enter your comment!
Please enter your name here