ရန်ကုန်ဈေးကွက်သို့ ရက် ၉၀ စပါးဝင်ရောက်နေမှုမြင့်တက်လာ

0
1043

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရက် ၉၀ စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ရက် ၉၀ စပါး တင်းရေ ၆၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ (၁) ရက်မှ (၃၀) ရက်ထိ တစ်လအတွင်း ရက် ၉၀ စပါးတင်းရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပိုင်ရှင်များသည် ဒေသထွက်စပါးများကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတွင် စပါးဈေးသည်လည်း အတက်အကျမရှိ ပုံမှန်အခြေအနေတွင်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ရက် ၉၀ စပါးတင်းရေ ၁၀၀ လျှင် ငွေကျပ် ၂၁ သိန်း ၅ သောင်းထိ ပေါက်ဈေးရှိပြီး အဆိုပါ ဆန်များကို အဆက်မပြတ်တင်ပို့ရောင်းချနေရခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ တောင်သူများ၊ ကုန်တင်ကားအငှားလိုက်သူများ၊ ကုန်တင်၊ ကုန်ချလုပ်သားများအဆင်ပြေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here