ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် တရုတ်ယွမ်များရောင်းချပေးခဲ့

0
501

ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် တရုတ်ယွမ် (၅)သန်းကို ဇူလိုင် (၁၅) ရက်တွင် ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုမရှိစေရန်အတွက် ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် ဇူလိုင်လ (၁၀) ရက်တွင် ဒေါ်လာ (၅) သန်းကို ထုတ်ရောင်းပေးခဲ့ပြီးယခုအခါ ဒုတိယအကြိမ် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းတဖြည်းဖြည်းမြင့်တက်လာသည့်အတွက် ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း Online Trading Platform မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအတွက် ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေပြီး ဇူလိုင်လ (၄) ရက်တွင်လည်း ပြင်ပငွေကြေးဈေးကွက်အတွင်း ‌နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေချိန် စားသုံးဆီ၊ ဆေးဝါးပစ္စည်း၊ ဓာတ်မြေဩဇာ တင်သွင်းသူများအား ဒေါ်လာ ၅ ဒသမ ၄ သန်းထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform၊ အခြားနိုင်ငံခြားငွေကြေးဈေးကွက်၊ ကျပ်ငွေအပေါင်ယူကာ နိုင်ငံငွေရောင်းချပေးမှု၊ လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအား နည်းလမ်းမျိုးစုံဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို အဓိက ရောင်းချပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here